Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်မှာ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်တွေလည်းပါတယ်လို့သိရပါတယ်။

မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ
မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း TNLA နဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ရာမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူပါသုံးခဲ့ရတယ်လို့သိရပါတယ်။

တိုက်ပွဲဟာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာအနီး အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။

TNLA တပ်ဖွဲ့ဝင်တွေရှိရာဆီ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းအမှတ် ခလရ ၈၈ က တပ်တွေ ထိုးစစ်ဆင်လာချိန် တိုက်ပွဲဖြစ်တာလို့ TNLAက ထုတ်ပြန်ပါတယ်။

မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ
မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်မှာ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်တွေလည်းပါတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၀ ရက်တိုက်ပွဲဟာ မနက် ၁၁ နာရီကနေ နေ့ခင်း ၂ နာရီအထိ ၃ နာရီနီးပါးကြား တိုက်ပွဲဖြစ်ခဲ့တာလို့ TNLA က ဆိုပါတယ်။

နောက်နေ့မှာတော့ တိုက်ပွဲဆက်ဖြစ်ရာမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူပါ သုံးလာတာလို့ TNLA ရဲ့စစ်ရေးဖော်ပြချက်အရသိရပါတယ်။

မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ
မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ

၂ ရက်မြောက်နေ့တိုက်ပွဲ ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ၂ စီးနဲ့ဗုံး ၈ လုံးကြဲရာမှာ အထက်ညောင်ကုန်းရွာက ဒေသခံ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကဆိုပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိ အောက်တိုဘာလ အတွင်း တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။