Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲနှစ်နေရာဖြစ်ဟု TNLA အသိပေး

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသကဲ့သို့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း TNLA၏ ယခင်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

(မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၌ ယမန်နေ့(အောက်တိုဘာ ၁၂ ရက်)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နေရာနှစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က TNLA ရှိရာသို့ အင်အား ၁၅၀ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ နံနက် ၁၁နာရီခန့်တွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာကြားတွင် တစ်ကြိမ်နှင့် နေ့လယ်ပိုင်း ၁၂နာရီကျော်တွင် အထက်ညောင်ကုန်းကျေးရွာအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဒေသများ၌ စက်တင်ဘာအတွင်းကလည်း TNLAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ခဲ့သည်။

ယမန်နေ့တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲ အကြိမ်ပေါင်း ၇၀ ရှိပြီဖြစ်သည်။

ရှမ်းမြောက်ဒေသ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နောင်ချို နှင့်မိုးကုတ်မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသကဲ့သို့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း TNLA၏ ယခင်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အခြေစိုက်စခန်းဖြစ်သည့် လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ (၁၂၃)တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့မှ TNLA ရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။