Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေ​ဘေးကြုံစစ်​ဘေး​ရှောင်များ၏စပါးခင်းများကို PDFများကူညီရိပ်သိမ်းပြီး ပို့​ဆောင်​ပေး

​အောက်တိုဘာလ ဒုတိယပတ်ကစ၍ နေ့စဥ်မိုးရက်ဆက်ရွာသွန်းမှုနှင့်အတူ ဘီးလူးချောင်းရေ မြင့်တက်လာပြီးနောက် မိုးဗြဲရေကာတာ သည် သတ် မှတ်ပမာဏထက် ပို​နေ​သော​ကြောင့် ဆည်ရေ လွှတ်ခဲ့သည်။

(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)
(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)

စစ်ဘေးအပြင် ရေဘေးကြောင့် ထပ်မံပြောင်းရွှေ့ရသည့် ပြည်သူများ၏ စပါးခင်းများကို PDF များက ရိတ်သိမ်း​ပေးကာ ပိုင်ရှင်များထံ ပို့ဆောင်ပေးခဲ့ကြောင်း Moebye Local PDF က ယနေ့ထုတ်ပြန်သည်။

မိုးဗြဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးသည့် အတွက်ကြောင့် နေရာထိုင်ခင်ထပ်မံရွေ့ပြောင်းနေရသော စစ်ဘေးရှောင်ပြည်သူများမှာ ၎င်းတို့၏ ရိတ်သိမ်းရမည့်စပါးခင်းတစ်ချို့ကို ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)
(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)

ထိုကြောင့် PDF များက စပါးခင်းအချို့ကိုရိတ်သိမ်းသယ်ယူ​​ပေးပြီး ပိုင်ရှင်စစ်ဘေးရှောင်ပြည်သူထံသို့ပြန်လည်ပို့‌ဆောင်ပေးခဲ့ကြောင်း အသိပေးသည်။

“မိုးဗြဲမြို့တွင်းဆို ဘီးလူးချောင်းနဲ့နီးတဲ့ ညောင်ဝိုင်းရပ် ကွက်ထဲတော့ ရေဝင်နေတုန်းပဲ။အခုထိ ရေဘေးကြောင့် ရွှေ့ပြောင်းရတဲ့ စစ်ဘေးရှောင်က ၂၀၀ ကျော်လောက် ရှိသေးတော့ သူတို့ မသိမ်းနိုင်တဲ့ စပါးတွေကို ကျွန်တော်တို့ ရိတ်သိမ်းတာပါ”ဟု Moebye Local PDF တာဝန်ရှိသူက လူထု​နွေဦးသတင်းဌာနသို့ပြောကြားသည်။

လက်ရှိ ရွှေ့ပြောင်းနေရသည့် စစ်ဘေးရှောင်ပြည်သူ များတွင်အခက်အခဲ များစွာရှိနေပြီး စားနပ်ရိက္ခာ၊ကျန်းမာရေး အကူအညီများအဓိကလိုအပ်​နေကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)
(စစ်​ရှောင်ပြည်သူများ၏ စပါးခင်းများကို PDF များကကူညီရိတ်သိမ်း​ပေး​နေစဥ်။ဓာတ်ပုံ -Moebye Local PDF)

​အောက်တိုဘာလ ဒုတိယပတ်ကစ၍ နေ့စဥ်မိုးရက်ဆက်ရွာသွန်းမှုနှင့်အတူ ဘီးလူးချောင်းရေ မြင့်တက်လာပြီးနောက် မိုးဗြဲရေကာတာ သည် သတ် မှတ်ပမာဏထက် ပို​နေ​သော​ကြောင့် ဆည်ရေ လွှတ်ခဲ့သည်။

ထို့ကြောင့် မိုးဗြဲနှင့် လွိုင်ကော်ရှိ စစ်ဘေးရှောင်တဲ ၁၀၀ ကျော်ရေနစ်မြုပ်ခဲ့ပြီး ဘုရားဖြူ၊ ဘုရားနီကျေးရွာ အပါ

အဝင် စစ်ဘေးရှောင်စခန်း ၅၀ ကျော်မှာ လွိုင်ကော်မြို့ပေါ်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ကြရသည်။