Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး ယနေ့နံနက် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံး

ပစ်ခတ်မှုအတွင်း သုံးဦးမှာ အပစ်ခံရသည့်နေရာ၌ လဲကျသေဆုံးပြီး နှစ်ဦးမှာ ထွက်ပြေးစဉ် လဲကျသေဆုံးကြောင်း၊ တစ်ဦးမှာ သစ်ပင်ပုန်းကွယ်နေ၍ ပစ်ခွင့်မသာခဲ့ဟု ၎င်းက ပြောသည်။

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး ယနေ့နံနက် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံး
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး ယနေ့နံနက် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးအား ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းယူနိုင်ခဲ့သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း -၂၈ ( ဓါးမဆိုင်းတပ်မတော်) တာဝန်ခံက ဗိုလ်စွမ်းသူမောင်က ပြောသည်။

ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသည် အရပ်ဝတ်ဖြင့် ချင်းတွင်းမြစ်ဆိပ်သို့ ထွက်ခွာလာစဉ် ယနေ့(အောက်တိုဘာ ၂၆ ရက်) နံနက် ၆နာရီခွဲခန့်တွင် ဓါးမဆိုင်းတပ်မတော်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” လှေဆိပ်က ပြည်သူတွေဆီ ငွေတောင်းမလို့ ဆင်းလာတာ။ ဝါးတရိုက်အကွာလောက်ဆီကနေ လူခွဲပြီး ဆင်းလာတာကို သုံးမိနစ်အတွင်း ပွဲပြီးအောင် မစ်ရှင်ဖော်တာ”ဟု ဗိုလ်စွမ်းသူမောင်က ပြောသည်။

ပစ်ခတ်မှုအတွင်း သုံးဦးမှာ အပစ်ခံရသည့်နေရာ၌ လဲကျသေဆုံးပြီး နှစ်ဦးမှာ ထွက်ပြေးစဉ် လဲကျသေဆုံးကြောင်း၊ တစ်ဦးမှာ သစ်ပင်ပုန်းကွယ်နေ၍ ပစ်ခွင့်မသာခဲ့ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” အရပ်ဝတ်တွေနဲ့ ဆင်းလာတာ။ ဘောင်းဘီတိုတွေပါတယ်။ မန်ယူအကျီ‌တွေပါတယ်။ ရဲဘော် တွေက ပစ်တော့ သုံးယောက်က ပွဲချင်းပြီး။ မန်ယူအကျီနဲ့ကောင်က နောက်ပြန်ထွက်ပြေးရင်း ဝမ်းလျားမှောက် လဲကျသွားတာ”ဟု ဗိုလ်စွမ်းသူမောင်က ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီထံမှ G3 သေနတ် တစ်လက်နှင့် ကျည် ခုနစ်တောင့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ် ပြန်လည်ပစ်ခတ်မည်စိုးရိမ်၍ ကျန်သေနတ်များကို ကောက်ယူနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

ညောင်ပင်ကြီးရဲစခန်းသည် ‌ဆားလင်းကြီးမြစ်ဆိပ်နှင့် ကိုက်အနည်းသာဝေးသည်။ ရဲစခန်းနှင့် မြစ်ဆိပ်ကြားကို စစ်ကောင်စီက လုံခြုံရေးအရ ရှင်းလင်းထားသည်။

ထို့ကြောင့် စစ်ဆင်ရေးအား ၃မိနစ်ဖြင့်အပြီး ဖော်ဆောင်ခဲ့ခြင်းဟု ကာကွယ်ရေးအဖွဲ့က ပြောသည်။

ညောင်ပင်ကြီးရဲစခန်းကို ပြီးခဲ့သည့် ဇွန်လ ၉ရက် ညတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးပြီး ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ထို့အပြင် ၂၀၂၂ ဇန်နဝါရီကလည်း အဆိုပါ ရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သေးသည်။

ယနေ့ စစ်ဆင်ရေး‌ဖော်ဆောင်ခဲ့သည့် ဆားလင်းကြီးမြို့အခြေစိုက် ဓါးမဆိုင်းတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)အဖြစ် ရပ်တည်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။