Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်မည်ဟု NUG ကာကွယ်ရေး ကြေညာ

မြောက်ပိုင်းလက်နက်ကိုင်များက ရှမ်းမြောက်၌ စစ်ဆင်ရေးစတင်ကြောင်း နံနက်ပိုင်းတွင် ကြေညာခဲ့ပြီး ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)
(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)

▪️ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း

မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များဖော်ဆောင်နေသည် ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်မည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။

မြောက်ပိုင်းလက်နက်ကိုင်များက ရှမ်းမြောက်၌ စစ်ဆင်ရေးစတင်ကြောင်း နံနက်ပိုင်းတွင် ကြေညာခဲ့ပြီး ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)
(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)

မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေးကြီးတရပ် စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)က အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍ “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာထားသည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)
(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)

ထိုသို့တပြိုင်တည်း ထုတ်ပြန်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါ ထုတ်ပြန်ကြေညာချက် များကို ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်သည် နိုင်ငံတဝန်းရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦး တော်လှန်ရေးအင်အားစု အသီးသီးနှင့်ပြည်သူတရပ်လုံးက ပါဝင်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည်ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန် လည်းကာကွယ်ရေးဝန်ကြီးဌာနကတိုက်တွန်းထားသည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)
(ယ​နေ့နံနက် တိုက်ပွဲအချို့တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားစဉ်။ ဓာတ်ပုံ-The Kokang)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး”နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook