Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-ဟားမားစ် စစ်ပွဲ ကာလတလျှောက် ဂါဇာ နယ်စပ်ဂိတ်ကို အီဂျစ် အစိုးရ ပထမဆုံးအကြိမ် ဖွင့်ပေး

အစ္စရေးရဲ့ ဖိအားပေးမှုနဲ့ ဒုက္ခသည်တွေ စုပြုံ ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် ဂါဇာ တောင်ပိုင်းက နယ်စပ်ဂိတ်ကို အီဂျစ်က စစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက်မှာ ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး-ဟားမားစ် စစ်ပွဲ ကာလတလျှောက် ဂါဇာ နယ်စပ်ဂိတ်ကို အီဂျစ် အစိုးရ ပထမဆုံးအကြိမ် ဖွင့်ပေး
အစ္စရေး-ဟားမားစ် စစ်ပွဲ ကာလတလျှောက် ဂါဇာ နယ်စပ်ဂိတ်ကို အီဂျစ် အစိုးရ ပထမဆုံးအကြိမ် ဖွင့်ပေး

အစ္စရေး-ဟားမားစ် စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဂါဇာ ကမ်းမြှောင်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်ကို အီဂျစ်က ဖွင့်ပေးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရထားသူတွေနဲ့ နိုင်ငံခြားသား တချို့ကို ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်က ရာဖား နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်တဲ့နောက် နိုင်ငံခြားသား ပတ်စ်ပို့တ် ကိုင်ဆောင်ထားသူ ၃၃၅ ဦးနဲ့ အပြင်းအထန် ဒဏ်ရာရထားသူ ပါလက်စတိုင်း ၇၆ ဦးကို တင်ဆောင်လာတဲ့ လူနာတင်ယာဉ်တွေကို ဖြတ်သန်းခွင့် ပေးခဲ့ကြောင်း အီဂျစ် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။

အစ္စရေးရဲ့ ဖိအားပေးမှုနဲ့ ဒုက္ခသည်တွေ စုပြုံ ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် ဂါဇာ တောင်ပိုင်းက နယ်စပ်ဂိတ်ကို အီဂျစ်က စစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက်မှာ ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းတွေအတွင်း ဂါဇာကနေ ထွက်ခွာမယ့် နိုင်ငံခြားသားတွေနဲ့ ဒဏ်ရာရ အရပ်သားတွေကို ခေါ်ထုတ်ဖို့ ရာဖားဂိတ်ကို အကန့်အသတ်နဲ့ ဆက်လက် ဖွင့်လှစ်ထားဖွယ် ရှိတယ်လို့လည်း အီဂျစ်ဖက်က မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဂိတ်ကို ဖြတ်သန်းပြီး အီဂျစ်ဖက် ဝင်ရောက်ခွင့် ရသူတွေ စာရင်းကို အီဂျစ်နဲ့ အစ္စရေးတို့က ညှိနှိုင်းပြီးမှ အတည်ပြု လက်ခံတာလို့ ဆိုပါတယ်။ ဂါဇာမှာ လောလောဆယ် ပိတ်မိနေတဲ့ နိုင်ငံခြားသား ဦးရေက နိုင်ငံသားနှစ်ခု ခံယူထားသူတွေ အပါအဝင် ၇၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူ့အစိုးရရဲ့ ခိုင်မာ ထိရောက်တဲ့ ကူညီ ဦးဆောင်မှုနဲ့အတူ ဒဏ်ရာရ ပါလက်စတိုင်း ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေကို ဂါဇာက ရွှေ့ပြောင်းပေးမှု အစီအစဉ် စတင်နိုင်ခဲ့ပြီလို့ နိုဝင်ဘာ ၁ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ပထမအသုတ် ဂါဇာကနေ ထွက်ခွာလာသူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလည်း ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဂါဇာ နယ်စပ်ကိုကျော်ပြီး အစ္စရေး မြို့ရွာတွေကို ဟားမားစ် ပြောက်ကျားတွေက စီးနင်း တိုက်ခိုက်ခဲ့ရာက အစပြုခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးဖက်က ၁၄၀၀ ကျော်နဲ့ ပါလက်စတိုင်းဖက်က ၈၇၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ နောက်ပြီး နိုင်ငံခြားသားတွေ အပါအဝင် လူပေါင်း ၂၄၀ ကျော်လောက်ဟာ ဟားမားစ်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုကို ခံထားရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။