Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာထိုးစစ်မှာ အစ္စရေး စစ်တပ်ဖက်က ပထမဆုံးအကြိမ် အကျအဆုံးတွေ ကြုံတွေ့လာ

ဟားမားစ်ရဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေအတွင်း ပါလက်စတိုင်း ၅၀ ကျော် သေဆုံးကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။

ဂါဇာထိုးစစ်မှာ အစ္စရေး စစ်တပ်ဖက်က ပထမဆုံးအကြိမ် အကျအဆုံးတွေ ကြုံတွေ့လာ
ဂါဇာထိုးစစ်မှာ အစ္စရေး စစ်တပ်ဖက်က ပထမဆုံးအကြိမ် အကျအဆုံးတွေ ကြုံတွေ့လာ

ဟားမားစ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဂါဇာ ထိုးစစ်အတွင်း အစ္စရေး စစ်တပ်ဖက်က ပထမဆုံး အကျအဆုံးတွေ ရှိလာတယ်လို့ သိရပါတယ်။

အစ္စရေး ကာကွယ်ရေးတပ် (IDF)က အောက်တိုဘာ ၃၁ ရက်က ဂါဇာ မြောက်ပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ IDFက ဂျာဘာလီယာမှာ အရေးကြီးတဲ့ စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲခဲ့ပြီး ဟားမားစ် စစ်ဦးစီး တစ်ယောက်အပြင် ဒါဇင်နဲ့ချီတဲ့ ဟားမားစ် အဖွဲ့သားတွေကို သုတ်သင်နိုင်ခဲ့တယ်လို့လည်း ကြေညာပါတယ်။

ဟားမားစ်ရဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေအတွင်း ပါလက်စတိုင်း ၅၀ ကျော် သေဆုံးကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။

IDFဟာ ဟားမားစ်တွေရဲ့ ဂျာဘာလီယာ တပ်ရင်းကို ပစ်မှတ်ထား ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး နယ်မြေထဲက အဆောက်အအုံတချို့ လုံးဝဥဿုံ ပျက်စီး ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ သွယ်ယှက် ဖောက်လုပ်ထားတဲ့ ဟားမားစ် မြေအောက် ဥမင်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း IDFက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ကျဆုံးသူ ၂ ဦးစလုံးက အသက် ၂၀ အရွယ်သာ ရှိကြသေးတဲ့ တပ်ကြပ် ရိုင်ဝုလ်ဖ်နဲ့ လီဗီ လစ်ပ်ရှစ်ဇ်တို့ ဖြစ်ကြောင်း IDF အရာရှိတွေကို ကိုးကားပြီး အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။ IDF ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက အစ္စရေး စစ်သည်နှစ်ဦးဟာ နိုင်ငံအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ရင်း အသက်ပေးသွားခဲ့ကြောင်း ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

ဒါဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ လျှပ်တပြက် စစ်ဆင်ရေးကို အစ္စရေးက စစ်အင်အားနဲ့ တုံ့ပြန်ခဲ့တဲ့နောက်ပိုင်း IDFဖက်က ပထမဆုံး အသေအပျောက်လည်း ဖြစ်လာပါတယ်။

ကာကွယ်ရေးဝန်ကြီး ယိုယက်ဗ် ဂယ်လန့်က အစ္စရေးဟာ ဂျာဘာလီယာက စစ်ဆင်ရေးမှာ စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ခဲ့ပေမယ့် ကြီးကြီးမားမား ပေးဆပ်ခဲ့ရကြောင်း ပြောပါတယ်။ အခုအခါမှာတော့ အစ္စရေးဟာ ဂါဇာကမ်းမြှောင်ထဲကို နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ထိုးဖောက်ပြီး တပ်တွေ ဖြန့်ကျက်ထားပြီလို့ ဝန်ကြီးက အတည်ပြုသွားပါတယ်။

IDFက အခု ဆင်နွှဲခဲ့တဲ့ ထိုးစစ်မှာ ဟားမားစ်ရဲ့ အလယ်ပိုင်း ဂျာဘာလီယာ တပ်ရင်းမှူး အီဘရာဟင် ဘိုင်ရီကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း အတည်ပြုပါတယ်။ စစ်ဆင်ရေးမှာ ကြည်းတပ်ရော၊ လေတပ်ပါ ပူးပေါင်း ပါဝင်ခဲ့ပြီး ဘိုင်ရီက လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်းမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။