Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးသည် စစ်​ကောင်စီ​ဝါဒဖြန့်သလို မိသားစုအချင်းချင်းကြား ပြဿနာမဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် စစ်ဆင်ရေးဟု MNDAA အသိ​ပေး

အာဏာသိမ်းစစ်ကောင်စီဘက်က ၁၀၂၇ စစ်ဆင်ရေးမှ လက်ရှိ ကိုးကန့်ဒေသ တိုက်ပွဲများနှင့်ပတ်သက်ပြီးကိုးကန့်မျိုးနွယ်စု မိသားစုအချင်းချင်းအကြား ပြဿနာဟု ပုံဖော်ပြောဆို ဝါဒဖြန့်နေခြင်းနှင့်ပတ်သက်ပြီး MNDAAဘက်က ယခုကဲ့သို ရှင်းလင်းအသိပေးခြင်းဖြစ်သည်။

(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)
(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)

“ညီနောင်မဟာမိတ် ၃ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွား မှာပါ” -လီကျာဝင်း (MNDAA ပြောရေးဆိုခွင့်ရှိသူ)

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် စစ်ဆင်ရေးဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က ၁၀၂၇ စစ်ဆင်ရေးမှ လက်ရှိ ကိုးကန့်ဒေသ တိုက်ပွဲများနှင့်ပတ်သက်ပြီးကိုးကန့်မျိုးနွယ်စု မိသားစုအချင်းချင်းအကြား ပြဿနာဟု ပုံဖော်ပြောဆို ဝါဒဖြန့်နေခြင်းနှင့်ပတ်သက်ပြီး MNDAAဘက်က ယခုကဲ့သို ရှင်းလင်းအသိပေးခြင်းဖြစ်သည်။

MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဖုန်မိသားစု နှင့် လက်ရှိ စစ်ကောင်စီ ဩဇာခံ ဦးပယ်ဆောက်ချိန် မိသားစုအကြား ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းဖြစ်ပြီး ၊၅ နှစ်လျှင်တစ်ကြိမ်ခန့် စစ်​ရေးဖြင့် ​ဖြေရှင်း​လေ့ရှိသည်ဟု စစ်​ကောင်စီ ပြန်ကြား​ရေးအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားထား​သော ရုပ်သံဖိုင်ကို ယ​​နေ့ တွင်စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်မှတစ်ဆင့် ဖြန့်ချီလာသည်။

(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)
(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)

ယင်းနှင့်ပတ်သက်ပြီးသ​ဘောထားမှတ်ချက် မေးမြန်းရာ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “ မိသားစုအချင်းချင်း ကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတစ်ခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။” ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိရေး၊ မြန်မာပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်- မြန်မာ နယ်စပ် အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင်)ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆင်နွှဲခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)
(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့ ပူပေါင်း ဖော်ဆောင်လာသည့် ၁၀၂၇ စစ်ဆင်ရေးသည် အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂ရက်ထိ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ခန့်ကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး သိန္နီ၊ ချင်းရွေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင် မြို့လေးမြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးထားသည်။ စစ်ကောင်စီထံမှ သံချပ်ကာယာဉ် ၆စီးအပါအဝင် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ယခု စစ်ဆင်ရေး ဖော်ဆောင်နေမှုကို အခွင့်အရေးရယူပြီးကျန်တော်လှန်ရေးအဖွဲ့များကပါ စစ်ကောင်စီတပ်ကို တစ်ပြိုင်နက် တိုက်ခိုက်ကြရန်လည်းတိုက်တွန်းထားသည်။

(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)
(ညီ​နောင်မဟာမိတ် ၃ ဖွဲ့သည်တစ်ပါတ်အတွင်းစစ်​ကောင်စီတပ်စခန်း ၁၀၀ ​ကျော် ၊မြို့​ပေါင်း ၄ မြို့ ၊ သံချပ်ကာ/တင့်ကား ၆ စီးနှင့် လက်နက်ခဲယမ်းအ​မြောက်အများကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ဓါတ်ပုံ-The Kokang)

ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့်လည်း စစ်ဆင်ရေးရည်မှန်းချက်တွင် ဖော်ပြထားသည့်အတိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက အသိပေးပြောကြားသည်။

“ ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအား နယ်မြေအနေအထားအရ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြူးမြို့နယ်(ပကဖ)က အသိပေးထားသည်။

သတင်း

စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်သွားကာ မုံရွာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

သတင်း

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook