Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ အသီးသီးမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ရာ တစ်ပတ်အတွင်းမှာ သိန္နီ၊ ချင်းရွေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်စတဲ့ မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

"ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ"
"ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ"

▪︎MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းနဲ့မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့ ပူပေါင်း ဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီးဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ အသီးသီးမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ရာ တစ်ပတ်အတွင်းမှာ သိန္နီ၊ ချင်းရွေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်စတဲ့ မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ သံချပ်ကာ/တင့်ကား ယာဉ် ၆ စီးအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်၊ ခဲယမ်း၊ ကျည်အများအပြားကို သိမ်းပိုက်ရရှိထားပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့သလို ဖမ်းဆီးခံရသူ အလင်းဝင်လာသူတွေလည်းများပြားခဲ့ပါတယ်။ တပ်ရင်းအလိုက် အလင်းဝင်လာမှုတွေလည်းရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်​ရေး နဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

-ရန်ရန်/People’s Spring

မေး။ စစ်ဆင်ရေး ၇ ရက်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၄ မြို့ ၊စခန်းပေါင်း ၁၀၀ ကျော်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရတယ် ။ စစ်ကောင်စီတပ်စခန်းတွေ ကျတာမြန်လွန်းလို့ ပြည်သူတွေ အံသြ၊ဝမ်းသာဖြစ်နေကြတာတွေ့တယ် ။စစ်တပ်စခန်းတွေ အမြန်ကျရှုံးနေတာ ဘာကြောင့်လို့ထင်လဲ ။စစ်တပ်ရဲ့စစ်ရေးစွမ်းရည်အပေါ်ဘယ်လိုမြင်လဲ ။

ဖြေ။ စစ်ကောင်စီတပ်စခန်းတွေ ဒီလောက်အမြန်အဆန်နဲ့ ကျရှုံးနေတာကတော့ အဓိကတော့ စစ်ကောင်စီရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေ ပေါ့နော် သူတို့က ဆန့်ကျင်တဲ့ စိတ်တွေ အဲဒီလောက်ထိ မပြင်းထန်တော့ဘူး ။ သူတို့လည်း စိတ်ဓာတ်တွေ တော်တော်ကျနေပြီ ပေါ့နော်။ သူတို့ရဲ့ စစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကြောင့်မို့လို့။ အဲဒါကြောင့် မို့လို့ အဲဓီလောက် အမြန်အဆန် သိမ်းပိုက်နိုင်တယ်လို့တော့ မြင်ပါတယ်။

Public Service Announcement

Public Service Announcement

မေး။ ညီနောင်မဟာမိတ်အဖွဲ့တွေကိုယ်တိုင် ဒီလောက် မြန်မြန်စခန်းတွေသိမ်းနိုင်မယ်လို့ ကြိုသိထားလား ။

ဖြေ။မြန်မယ်လို့ထင်ထားခဲ့ပေမယ့် အခုလို ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ပါဘူးဗျ။

မေး။၁၀၂၇ စစ်ဆင်ရေး အပေါ် နိုင်ငံတစ်ဝန်းက ပြည်သူတွေ ၊တော်လှန်ရေးအဖွဲ့တွေက အားပေး၊ထောက်ခံ၊ဝန်းရံကြတာတွေ့ရပါတယ်။ အခုလို အားပေး ၊ထောက်ခံကြတာတွေက စစ်ဆင်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိစေပါလဲ ။

ဖြေ။ဦးစွာ ဒီပြည်သူလူထုရဲ့ ထောက်ခံမှု အပေါ်ကို အထူးကျေးဇူးတင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူလူထုရဲ့ ထောက်ခံမှု ရှိမှပဲ အသက်ရှင်နိုင်မယ်။ ပြီးတော့ တိုက်ရည်ခိုက်ရည်လည်း ပိုမိုတိုးတက်လာနိုင်တာပေါ့။

မေး။ စစ်ဆင်ရေး ၁၀၂၇ ကို စစ်ကောင်စီကကိုးကန့်မိသားစုမျိုးနွှယ်ချင်း ပြသာနာဆိုပြီးဝါဒဖြန့်လာပါတယ် ။ဒီအပေါ် ဘယ် လိုတုံ့ပြန် ပြောကြားလိုပါသလဲ။

ဖြေ။ မိသားစုအချင်းချင်း ကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတစ်ခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။

မေး။၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဆိုရင် ရင် နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ထပ်ဖွဲ့စည်းထားတဲ့ တပ်မ ၆၁၁ ပါတာတွေ့ရသလို ၊TNLA ဆိုရင်လည်း PDF တွေနဲ့ ပူးပေါင်းစစ်ဆင်နွှဲနေတာတွေ့ရတယ် ။အခုတိုက်ပွဲတွေတိုက်နေရင်း PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ရယ် ၊စိတ်ဓါတ် ပိုင်းအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ကျနော်တို့နဲ့အတူတူ တိုက်ပွဲဝင်လာတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ အထူးကျေးဇူးတင်တယ်။ ပြီးတော့ ကျနော်တို့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ကြိုဆိုကြောင်း ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကိုထုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အားလုံးကျေးဇူးတင်ပါတယ်။ ဒီစစ်ဆင်ရေးကြီးမှာ ပူးပေါင်းပါဝင် ဆင်နွှဲလာတဲ့ အခြားအဖွဲ့အစည်းတွေရဲ့ တိုက်ရည်ခိုက်ရည်ကိုတော့ တော်တော်လေး လေးစားမိပါတယ်။ တော်တော်လေးလည်းအားကိုးရပါတယ်။

မေး။ MNDAA က စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် ၅ ချက်နဲ့ စစ်ဆင်ရေးအကြောင်း ပြည်သူတစ်ရပ်လုံးကို အိတ်ဖွင့်ပေးစာပေးပြီးအသိပေးထားပါတယ် ။ညီနောင်မဟာမိအဖွဲ့တွေအနေနဲ့လည်းကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါပေမယ့် ပြည်သူတွေက ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပြီးရင် စစ်ကောင်စီကိုတိုက်နေတာ​တွေကိုရပ်လိုက်မှာကိုစိုးရိမ်နေကြပါတယ် ။ဒီစစ်အုပ်စုရှိနေသ၍ နိုင်ငံမှာ ဘက်ပေါင်းစုံပြသာနာရှိနေမှာမို့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ ညီနောင်အဖွဲ့တွေကို တိုက်ပေးစေချင်ကြတာပါ။ဒီအတွက် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။

ဖြေ။ဒါကိုတော့ပြည်သူလူထု တစ်ရပ်လုံးက စိတ်ချထားလို့ရပါတယ်ဗျ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ဖွဲ့လည်း ၁၀၂၇ စစ်ဆင်ရေးထုတ်ပြန်ကြေညာချက်မှာပါတဲ့ ရည်မှန်းချက်ကို ဖော်ဆောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ပြီးတော့ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။

မေး။ ညီနောင်သုံးဖွဲ့အနေနဲ့ အခု စစ်ဆင်ရေးကနေတဆင့်နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိလား။ဒါနဲ့ပတိသပ်ပြီး သတင်းစကားပေးလိုတာ ရှိပါသလား။

ဖြေ။ ခုနက ပြောခဲ့တဲ့အတိုင်း ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ။ ။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။