Connect with us

Hi, what are you looking for?

သတင်း

နောင်ချို၊ မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်း ၄ခုကို ယနေ့နံနက်တွင် TNLA သိမ်းပိုက်

ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးဒေသနှင့် နမ့်ခမ်း မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု TNLAက သတင်းထုတ်ပြန်သည်။

(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)

▪️နမ့်ခမ်းမြို့၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေဟု အသိပေး

တအာင်းတပ်မတော်(TNLA)က ‘၁၀၂၇ စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ယနေ့ (နိုဝင်ဘာ ၃ရက်)နံနက်တွင် စစ်ကောင်စီတပ်စခန်း ၄ခု ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေး ၈ရက်မြောက်နေ့ဖြစ်သည့် ယနေ့နံနက်တွင် နမ့်ခမ်းနှင့် မန့်ဝိန်းကြီးကြားရှိ ရွှေလီကြိုးတံတား စစ်ကောင်စီခန်း၊ မန်တုံမြို့ ရဲစခန်း၊ မန်တုံရှိ စစ်ကောင်စီ၊ ပြည်သူ့စစ်ခန်းနှင့် နောင်ချိုရှိ စစ်ကောင်စီ၏တပ်စခန်း တစ်ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၇နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက် (၄)လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး (၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ – TNLA)

ယနေ့နံနက် ၅နာရီခန့်တွင် မန်တုံမြို့ရှိ စစ်ကောင်စီ ရဲစခန်းနှင့် မန်တုံမြို့ စစ်ကောင်စီ+ ပြည်သူ့စစ် စခန်းကို တစ်ပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကို ယနေ့နံနက် ၄နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လာရောက်ပစ်ကူပေးခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နောင်ချိုမြို့နယ်ရှိ၊ ဟိုခိုကျေးရွာသို့ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးကို ယမန်နေ့ ညသန်းခေါင်ကျော်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါ ဖျက်အားပြင်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ – TNLA)

နမ့်ခမ်းမြို့နယ်ရှိ၊ လွယ်အင်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ မည့်သည်လက်နက်ကိုင်မှ မရှိဘဲ စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ် တစ်ဦးထိမှန်ပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်ဟု အသိပေးသည်။

TNLA အပါအဝင် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
(ရှမ်းမြောက် နောင်ချို၊မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ – TNLA)

စစ်ဆင်ရေး ၈ရက်တာအတွင်း ကိုးကန့်ဒေသ ချင်းရွှေဟော် ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်၊ ကွမ်လုံ၊ နောင်ချို၊ မန်တုံ၊ နမ့်ခမ်း စသည့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ တပ်စခန်း ၁၀၀ခန့်ကို သိမ်းပိုက်ထားနိုင်ပြီး သိန္နီ၊ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင် မြို့များကို ညီနောင်မဟာမိတ်များက အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးသည်။

ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးဒေသနှင့် နမ့်ခမ်း မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု TNLAက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။