Connect with us

Hi, what are you looking for?

သတင်း

ရာဇဂြိုလ်ရဲဘက်စခန်း နှင့်မြောက်စီးရွာရဲစခန်းကိုလည်း​တော်လှန်​ရေးအဖွဲ့များသိမ်းပိုက်

တမူးမြို့​ပေါ်တွင်တိုက်ပွဲမဖြစ်​သေး​သော်လည်း စစ်​ကောင်စီတပ်ကအစစ်အ​ဆေးကြမ်း​နေပြီး ယ​နေ့မနက်မှာပင် က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်းကို စစ်တပ်ကပိတ်လိုက်သည်။

ရာဇဂြိုလ်ရဲဘက်စခန်း နှင့်မြောက်စီးရွာရဲစခန်ကိုလည်း​တော်လှန်​ရေးအဖွဲ့များသိမ်းပိုက်
KAYAH STATE KARENNI, MYANMAR - 2023/01/28: A badge of a People's Defence Force (PDF) group. The People's Defence Force (PDF) is the armed wing of the National Unity Government (NUG). The PDF was formed in May 2021 by the NUG from youths and pro-democracy activists in response to the military coup d'?tat that occurred on 1 February 2021.a Demoso. (Photo by Thierry Falise/LightRocket via Getty Images)

▪︎စစ်တပ်နှင့်ရဲ့ပူး​ပေါင်းတပ်စွဲထား​သောခါမ်းပါတ်ရဲစခန်းသိမ်းလိုက်၍ ခါမ်းပါတ်မြို့ကို ​တော်လှန်​ရေးအဖွဲ့များထိန်းချုပ်နိုင်ပြီဟု ​ဒေသခံ​ပြောကလေးမြို့နယ်ရှိ ရာဇဂြိုလ်ရဲဘက်စခန်း နှင့်မြောက်စီးရွာရဲစခန်းတို့ကို ​တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်​သည်။

“ရေစဂြိုလ်ရော၊ မြောက်စီးရောရပြီ။ ကျန်တာကို စစ်ဒေသက တရားဝင်ထုတ်လာလိမ့်မယ်” ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် ပြောသည်။

ထိုစခန်းနှစ်ခု၌ စစ်ကောင်စီ၊ရဲနှင့် ပျုစောထီးအများအပြား တပ်စွဲထားခြင်းဖြစ်သည်။ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ အသေးစိတ်မသိရသေးပေ။

ထို​ကြောင့် ယ​နေ့နံနက်တွင် ခါမ်းပါတ် မြို့ရှိစစ်တပ်နှင့်ရဲများ အထိုင်ချထား​​သော မြို့မ ရဲစခန်းနှင့်ဝိတုတ်ရွာရှိစစ်စခန်းကိုပါ​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ခဲ့ပြီဖြစ်၍ ​တော်လှန်​ရေးအဖွဲ့များက စစ်စခန်းအနည်းဆုံး ၄ ခုကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ခါမ်းပါတ်တွင် စစ်တပ်အဓိကတပ်စွဲ​နေ​သော စခန်းကိုသိမ်းနိုင်ခဲ့ပြီဖြစ်၍ ခါမ်းပါတ်မြို့ကိုပါ ​တော်လှန်​ရေးအဖွဲ့များက စိုးမိုးနိုင်ပြီဖြစ်​ကြောင်းဒသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးအဖွဲ့များက က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်းမ​ပေါ်ရှိ အဓိကစစ်စခန်းများကို ယ​နေ့နံနက်အ​စောပိုင်းတွင်တစ်ချိန်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်တပ်က ​လေ​ကြောင်းပစ်ကူလည​သော်လည်း စခန်းများကို ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စစ်​ကောင်စီတပ်စခန်းများကို PDF ခရိုင်တပ်ရင်းများ၊KIA ၊ABSDF နှင့် အခြား​တော်လှန်​ရေးအဖွဲ့များကပူး​ပေါင်းတိုက်ခိုက်​နေခြင်းဖြစ်သည်။

တမူးမြို့​ပေါ်တွင်တိုက်ပွဲမဖြစ်​သေး​သော်လည်း စစ်​ကောင်စီတပ်ကအစစ်အ​ဆေးကြမ်း​နေပြီး ယ​နေ့မနက်မှာပင် က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်းကို စစ်တပ်ကပိတ်လိုက်သည်။

“ခါမ်းပါတ်စခန်းသိမ်းလိုက်ပြီဆိုတော့ထပ်တိုက်စရာဆိုလို တမူးစစ်စခန်းနဲ့ ကလေးမြို့ပဲရှိတော့တယ်။တမူးသိမ်းလိုက်ရင်တမူးခရိုင်တစ်ခုလုံးလွတ်လပ်သွားတော့မှာ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ