Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို MNDAA ထပ်မံ သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့ နိုဝင်ဘာ ၆ရက် စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ အသိပေး ပြောပြခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်စခန်းသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်စခန်းသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)

▪︎ကွမ်းလုံမြို့အား အလုံးစုံထိန်းချုပ်နိုင်ရေး ဆက်လက် စစ်ဆင်နေဟု ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။

၁၀၂၇ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့ နိုဝင်ဘာ ၆ရက် စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ အသိပေး ပြောပြခြင်းဖြစ်သည်။

“ဒီနေ့ အခြေအနေကတော့ အခုအချိန်ထိတပ်စခန်း ၃ခုကိုထပ်မံ သိမ်းထားပါတယ်။ တုန်းရှမ်းဒေသမှာ ၁ခု၊ ရှင်းဝမ်ဒေသက ၂ခု ပေါ့နော်။ အကုန်လုံးက ကိုးကန့်ခရိုင်ထဲမှာ” ဟု ၎င်းက ပြောသည်။

(စစ်​ကောင်စီတပ်စခန်းသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်စခန်းသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)

ထို့ပြင် ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောသည်။ လက်ရှိတွင် MNDAAနှင့် မဟာမိတ်တပ်များသည် ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး နမ့်ခမ်းနှင့် ကွမ်းလုံမြို့ကိုလည်း စီးနင်းတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

“မနေ့က ညနေအချိန်ထိ ကွမ်းလုံမြို့ရဲ့ သံလွင်မြစ် အရှေ့ဘက်ခြမ်းပေါ့နော် အဲဒီဘက်အခြမ်းကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တယ်။ ဒီနေ့ကတော့ အနောက်ဘက်ခြမ်းကို ဆက်လက် စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်။ ယခုအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတာပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MNDAAနှင့် ရက္ခိုင့်တပ်တော်(AA) တို့ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်း ၁၁၂ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပြီး စစ်ဆင်ရေး၌ ပါဝင်သော တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီတပ်စခန်း ၃၂ခုကို သိမ်းပိုက်ထားသည်။ ထို့ကြောင့် စစ်ဆင်ရေး ၁၁ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၄၄ ခု ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။