Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်း လေးခုကို TNLAနှင့် MNDAA က ယနေ့ ထပ်မံသိမ်းပိုက်

ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ ရန်သူ့စစ်ကောင်စီ၏ တပ်စခန်းအား စတင်ထိုးစစ်ဆင်ခဲ့ပြီး (၁၀)မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

▪️တပ်စခန်းအချို့ကို မိနစ်ပိုင်းအတွင်းသာ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ဟုအသိပေး၊ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၃၇ခုသိမ်းပိုက်ထား

‘၁၀၂၇စစ်ဆင်ရေး ‘(၁၀) ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ်စခန်း လေးခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၅ရက် စစ်ရေးသတင်းများကို ဖော်ပြရာ တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီတပ်စခန်း ၃ခု၊ ကိုးကန့်တပ်မတော်(MNDAA)က တပ်စခန်းတစ်ခု ယနေ့ သိမ်းပိုက်ရရှိခဲ့သည်ဟုဆိုသည်။

ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ ရန်သူ့စစ်ကောင်စီ၏ တပ်စခန်းအား စတင်ထိုးစစ်ဆင်ခဲ့ပြီး (၁၀)မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

“ဒီနေ့ စစ်ရေးအခြေအနေကတော့ မုံးကိုးမြို့ အပြင်ဘက်မှာ ရှောက်ချင်းရှုဆိုတဲ့နေရာမှာရှိတဲ့ တပ်စခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်။ညနေပိုင်းအခြေအနေကတော့ မရောက်လာသေးဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (နိုဝင်ဘာ ၄ရက်)ကလည်း ကိုးကန့်ခရိုင် တုန်းရှမ်းဒေသ ရှောက်ကန်လန်နေရာရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို တပြိုင်နက်ထိုးစစ်ဆင်ခဲ့ရာ ၉ မိနစ်အကြာတွင် တပ်စခန်း သုံးခုလုံး သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

ထို့ကြောင့် မဟာမိတ်တပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ရာတွင် မိနစ်ပိုင်း၊ နာရီပိုင်းသာ ကြာမြင့်ခဲ့သည်ကို တွေ့ရသည်။

ရန်သူ့တပ်ဖွဲ့ဝင်များသည် မြေပြင်ထိုးစစ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ လက်နက်ချအလင်းဝင် သူများနှင့် ထွက်ပြေးကြသူများ များပြားလာပြီး စစ်ကောင်စီသည် လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကိုသာ အားထားလာရ သည်ကို တွေ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများကို ဦးတည်တိုက်ခိုက်သော လေကြောင်းတိုက်ခိုက်မှု များကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ရပြီး လူနေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

TNLAကလည်း ယနေ့စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့ရာ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်း ၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့နယ် ခိုမုန်းကျေးရွာရှိ ရန်သူစစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းတို့ကို အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် လားရှိုး-သိန္နီကြားတွင် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းအား ယနေ့နံနက် တိုက်ခိုက်ရာ လက်နက်၂လက်နှင့် ကား၄စီး၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ဆင်ရေး (၁၀)ရက်တာကာလအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ရန်သူစစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်းအကြီး၊ အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်အား သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများ နှင့် လေယာဥ်ပစ်လက်နက်ကြီးများနှင့် စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ယမန်နေ့အထိ စာရင်းများအရ စစ်ကောင်စီတပ်စခန်း ၁၃၃ခုကို ညီနောင်မဟာမိတ်သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယနေ့ တပ်စခန်းလေးခု ထပ်ရ၍ စစ်ကောင်စီစခန်း ၁၃၇ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားရာ ရက္ခိုင်ဒေသအတွင်းတွင် ရန်သူစစ်ကောင်စီသည် ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း စစ်ရေးအင်အားဖြည့်တင်းခြင်းများကို ပိုမိုပြုလုပ်လာသကဲ့သို့ ၎င်းတို့စိုးမိုးရာ ရက္ခိုင်မြို့ကြီးများတချို့တွင် အရပ်ဘက် အဖွဲ့အစည်းများအား စစ်ဆေးမေးမြန်းခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာလျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။