Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ ထပ်မံသိမ်းပိုက်ရရှိဟု MNDAA ပြော

အဆိုပါတပ်စခန်းအပါအဝင် ကိုးကန့်ဒေသရှိ စစ်ကောင်စီ တပ်စခန်း ၁၂၀ကျော်ကို MNDAAနှင့် ရက္ခိုင့်တပ်တော် (AA)တို့က တိုက်ခိုက်သိမ်းပိုက်ထားသည်။

(စစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက အသိပေးသည်။

‘၁၀၂၇ စစ်ဆင်ရေး’ ၁၃ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၈ရက် စစ်ရေးအခြေအနေကို မေးမြန်းရာ စခန်းရရှိမှုကို ပြောပြခြင်းဖြစ်သည်။

“မနက်ပိုင်းကတော့ စခန်းတစ်ခုထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်။ ကိုးကန့်ခရိုင် တုန်းရှမ်းဒေသ မာလီလင်တပ်စခန်းပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါတပ်စခန်းအပါအဝင် ကိုးကန့်ဒေသရှိ စစ်ကောင်စီ တပ်စခန်း ၁၂၀ကျော်ကို MNDAAနှင့် ရက္ခိုင့်တပ်တော် (AA)တို့က တိုက်ခိုက်သိမ်းပိုက်ထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေကစပြီး လောက်ကိုင်မြို့အနီး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး ရည်မှန်းချက်အတွက် ဆက်လက်၍ စစ်ဆင်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်း MNDAA အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။