Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်များ တိုက်ခိုက်လိုစိတ်ကျဆင်းပြီး လက်နက်များစွန့်ကာ ထွက်ပြေး​နေဟု MNDAA ထုတ်ပြန်

ယမန်နေ့တွင် MNDAAသည် ကိုးကန့်ဒေသ၏ တောင်ပိုင်း စစ်ကြောင်းရေးမဟာဗျူဟာနေရာကို သိမ်းယူနိုင်ခဲ့ပြီး တာရွှေထန်ဘက်ရှိ ကိုးကန့်ပြည်သူ့စစ်အဖွဲ့များသည် လက်နက် များစွန့်လွတ်ပစ်ချကာ စခန်းမှထွက်ပြေးခဲ့ကြသည်ဟု ထုတ်ပြန်သည်။

(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)
(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)

ကိုးကန့်ဒေသတိုက်ပွဲများတွင်စစ်ကောင်စီတပ်နှင့် ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်ကျဆင်း​ပြီး လက်နက်များစွန့်ခွာထွက်ပြေး​နေကြကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့တိုက်ပွဲသတင်းများ ဖော်ပြရာ၌ အသိပေးခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တွင် MNDAAသည် ကိုးကန့်ဒေသ၏ တောင်ပိုင်း စစ်ကြောင်းရေးမဟာဗျူဟာနေရာကို သိမ်းယူနိုင်ခဲ့ပြီး တာရွှေထန်ဘက်ရှိ ကိုးကန့်ပြည်သူ့စစ်အဖွဲ့များသည် လက်နက် များစွန့်လွတ်ပစ်ချကာ စခန်းမှထွက်ပြေးခဲ့ကြသည်ဟု ထုတ်ပြန်သည်။

(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)
(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)

ယခုရက်ပိုင်းတွင် ကိုးကန့်ခရိုင်၊ရှီးရှမ်းဒေသ တာရွှေထန်နေရာတွင်အခြေချနေထိုင်သော ကိုးကန့်ပြည်သူ့စစ်အဖွဲ့ များသည် MNDAA၏အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် တိုက်ခိုက်ချင်သောစိတ်ဓာတ် မရှိတော့ကြောင်း၊ ယမန်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့ဝင်အချို့နှင့် ပြည်သူ့စစ်အဖွဲ့တို့သည် လက်နက်များ ပစ်ချခဲ့၍ စခန်းမှ ထွက်ပြေးခဲ့ကြကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သို့​သော် တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုများ လုပ်နေ၍ ကလေးငယ်အပါအဝင် ပြည်သူလူထု ထိခိုက်မှုများ ရှိခဲ့သည်ဟုလည်း အသိပေးသည်။

ယမန်နေ့ ညနေက ကိုးကန့်ခရိုင်၊ မန်တုံပကျေးရွာအုပ်စု ၊ ကျောက်ထန်ပရွာကို တိုက် လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပြီး အကြီးစားဗုံးနှစ်လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၃လုံး ပျက်စီးပြီး ကလေးငယ်အပါအဝင် အရပ်သား(၃)ဦးဒဏ်ရာရ ရှိခဲ့သည်။ ယင်းအနက် ကလေးငယ်နှင့် သက်ကြီးရွယ်အို အမျိုးသမီးတို့မှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။

(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)
(MNDAA က နိုဝင်ဘာ ၅ ရက်တွင် စစ်​ကောင်စီတပ်၏ တုံရှမ်ထုံ တာကန်ထန်စခန်း နှင့် စစ်တပ်ယာဥ်တန်းကိုကြားဖြတ်တိုက်ခိုကပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-The Kokang)

ကိုးကန့် ခရိုင်၊ တုန်းရှမ်းဒေသ၊ တာကန်ထန်တပ်စခန်းကိုနိုဝင်ဘာ ၄ရက်နှင့် ၅ ရက်တွင် ၂ ကြိမ်တိုက်ခိုက်ပြီး ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်စခန်းသိမ်းယူနိုင်ခဲ့​ကြောင်း ၊ မုံးကိုးဒေသ ၊ ရှောက်ချင်ရှူနေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့​ကြောင်းအသိ​ပေးထားသည်။

ထိုအပြင် မူပန်(သိန္နီ)ဒေသ ရေပူဂိတ်နေရာတွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ ကို နိုဝင်ဘာ ၄ ရက်ညနှင့် ၅ ရက်နံနက်တွင်တိုက်ခိုက်မှု ၊ နိုဝင်ဘာ ၅ ရက်ည​နေတွင် ဟိုပင်ကျေးရွာ

အုပ်စု(၁၄)မိုင် မှ (၁၅)မိုင်ကြားတွင် အရပ်သားယာဉ်အဖြစ်ဟန်ဆောင်ထားသော စစ်ကောင်စီယဥ်(၅)စီးကို အောင်မြင်စွာ ကြားဖြတ်တိုက်ခိုက်မှု စသည်တို့ကိုလည်ထုတ်ပြန်သည်။

ယာဉ်တန်း(၅)စီးမှာ တစ်စီးသည်ဖျက်ဆီးခံရပြီး ကျန်ပို့ဆောင်ယာဉ်တန်းများသည် အပြန်လမ်းမှ ပြန်သွားကာ ကြားဖြတ်တိုက်ခိုက်တွင်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ​ကြောင်းလည်းသိရသည်။

MNDAAနှင့်ညီနောင်မဟာမိတ်တပ်များသည် အောက်တိုဘာ ၂၇ရက်မှစ၍စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများကိုနေ့စဉ်ဆောင်ရွက်လျက်ရှိရာ စစ်ဆင်ရေး ၁၁ရက်အတွင်း တပ်စခန်း ၁၄၄ ခုထက်မနည်းကိုသိမ်းပိုက်ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။