Connect with us

Hi, what are you looking for?

သတင်း

KNU ရဲ့သတိပေးချက်ကြောင့် ကော့ကရိတ်မြို့ကနေ ဝန်ထမ်းအချို့ထွက်ခွာ

ကော့ကရိတ်ဒေသခံတစ်ဦး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံတွေအရလည်း ကော့ကရိတ်မြို့မှာအသွားအလားမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့ရဲ့တည်နေရာ
ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့ရဲ့တည်နေရာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားမှာ ပါဝင်နေသူတွေ နုတ်ထွက်ကြဖို့ KNU က သတိပေးပြီးနောက် မြို့ကနေ စွန့်ခွာသွားကြသူတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

စစ်ကောင်စီယန္တယားမှာပါဝင်နေသူတွေတစ်ပတ်အတွင်းမြို့ကနေ စွန့်ခွာဖို့ KNU ကနောက်ဆုံးအကြိမ်သတိပေးချက်အဖြစ်နိုဝင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီနောက် တစ်ပတ်ကြာချိန်မှာ မြို့ကနေ စွန့်ခွာသွားကြသူတွေ ၊တာဝန်ကနေနှုတ်ထွက်သူတွေအပြင် KNUထံ ခိုလှုံလာသူတွေရှိကြတယ်လို့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ခိုလှုံလာကြသူတွေထဲမှာဝန်ထမ်းတွေ ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေပါတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘယ်နှစ်ဦးလည်းဆိုတာ မသိသေးဘူး၊ နှုတ်ထွက်ပြီး လာတယ်လို့ ပြောလို့ရတယ်” လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူတွေရဲ့ပြောပြချက်အရ ကော့ကရိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေမှာ ဝန်ထမ်းအချို့ဟာ မနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ မြို့ကနေ ထွက်ခွာကြတာရှိတယ်လို့သိရပါတယ်။

“မြို့ ( ကော့ကရိတ်)ကတော့ ခြောက်ကပ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်ဒေသခံတစ်ဦး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံတွေအရလည်း ကော့ကရိတ်မြို့မှာအသွားအလားမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။

KNU က ကော့ကရိတ်မြို့နယ်ထဲမှာပါဝင်တဲ့ ဝေါ်လေမြို့ ၊ စုကလိမြို့ ၊ ကျိုက်ဒုံ မြို့ တွေက စစ်ကောင်စီ ယန္တယားမှာပါဝင်သူတွေကို မြို့ကနေ စွန့်ခွာဖို့ သတိပေးထားတာပါ။

ကော့ကရိတ်ဟာ ထိုင်း − မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအချက်အချာကြပြီး KNU နဲ့PDF တပ်တွေ မြို့သိမ်းနိုင်ဖို့ ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

” သေချာတာက တော်လှန်ရေးအင်အားစုတွေ မြို့ထဲမှာ ရအောင်ထိုင်ဖို့ရှိတယ်၊ မြို့ထဲမှာ ကေအဲန်ယူအုပ်ချုပ်ရေး ဖွဲ့နိုင်အောင်လုပ်မယ်” လို့ KNUသတင်းရင်းမြစ်ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။