Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ(၁၂၅) တပ် အလံဖြူထောင်၍ ကုန်းကြမ်းဒေသကို MNDAA သိမ်းပိုက်

အလံဖြူထောင် အလင်းဝင်လာသည့်တပ်မှာ လောက်ကိုင် ဒေသကကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၅) တပ်ဖြစ်သည်ဟု အသိပေးသည်။

(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

ကိုးကန့်ခရိုင် ကုန်းကြမ်းဒေသ(ရှင်းဝမ်ဒေသ)ကို ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ၃၃ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၈ရက်တွင် အဆိုပါ ကုန်းကြမ်းဒေသကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ၂၈ရက်နေ့မှာ ကုန်းကြမ်းမှာရှိတဲ့ စစ်ကောင်စီတွေက အလံဖြူထောင်ပြီး အလင်းဝင်လာခဲ့ပြီဗျ။ကုန်းကြမ်းကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

အလံဖြူထောင် အလင်းဝင်လာသည့်တပ်မှာ လောက်ကိုင် ဒေသကကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၅) တပ်ဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူ အရေအတွက် နှင့် လက်နက်ခဲယမ်းရရှိမှုကို စိစစ်နေဆဲဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ ရှေ့တန်းအရာရှိက ဒီစာရင်းတွေကို ပြုစုနေဆဲဖြစ်တယ်။ အတိအကျ ရလာရင်တော့ ကျနော်တို့လည်း သတင်းပုံစံနဲ့ ထုတ်ဖော်သွားမှာပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခင်ကလည်း ကိုးကန့်တိုက်ပွဲ၌ စစ်ကောင်စီတပ်က တပ်ရင်းအလိုက်၊ တပ်ဖွဲ့အလိုက် လက်နက်ချ အလင်းဝင်သည့် ဖြစ်စဉ်များရှိခဲ့သည်။

(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

နိုဝင်ဘာလလယ်က လောက်ကိုင် ဒကစ လက်အောက်ခံ ခမရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ဦးသည် MNDAA နှင့် မဟာမိတ်တပ်များထံ ပူးပေါင်း အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည်။

MNDAA အပါအဝင် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီမြို့များကို သိမ်းပိုက်ထားပြီးဖြစ်ပြီး ကိုးကန့်ဒေသ တစ်ခုလုံး အပါအဝင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို ဝိုင်းရန် ပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လုပ်နေသည်။

(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(စစ်တပ် စခန်းများ ၊မြို့များကို တစ်ခုပြီးတစ်ခုသိမ်း​နေ​သောMNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

“ကုန်းကြမ်းကိုတော့ မြို့လို့ မသတ်မှတ်ဘူး။ ကုန်းကြမ်းကို ကျနော်တို့ အနေနဲ့ သတ်မှတ်ရင် ကိုးကန့်ခရိုင်ရဲ့ ရှင်းဝမ်ဒေသလို့ကျနော်တို့ သတ်မှတ်တယ်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ဆင်ရေးတစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၂၂၆ ခု၊ သံချပ်ကာယာဉ် ၁၂စီးထက်မနည်း၊ ဟောင်ဝစ်ဇာအမြောက် ၄ လက်ထက်မနည်း၊ အတွဲလိုက်ဒုံးတင်ယာဉ် ၃စီး ၊ လေယာဉ်ပစ်စက်သေနတ်ကြီးများ နှင့် အခြား လက်နက်မျိုးစုံ အများအပြားကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။