Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သည် လေကြောင်းအားသာချက်မှလွဲ၍ မြေပြင်စစ်ကူမတိုးချဲ့နိုင်တော့ကြောင်း MNDAAပြော

၁၀၂၇ စစ်ဆင်ရေးသတင်းများနှင့် ပတ်သက်၍ ကိုးကန့်ဒေသစစ်ရေးအခြေအ‌နေကို MNDAA က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့အသိပေးထားခြင်းဖြစ်သည်။

(ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ကုန်းကြမ်းစခန်းကိုသိမ်းပိုက်ပြီး​နောက်​သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်​တွေ့ရစဥ်။ဓါတ်ပုံ-The Kokang)
(ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ကုန်းကြမ်းစခန်းကိုသိမ်းပိုက်ပြီး​နောက်​သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်​တွေ့ရစဥ်။ဓါတ်ပုံ-The Kokang)

ကိုးကန့်​ဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှာ လေကြောင်းအားသာချက်ကို သုံး၍တန်ပြန်တိုက်ခိုက်သည်မှလွဲ၍ အခြားသောမြေပြင်မှစစ်ကူများ ကိုးကန့်ဒေသတွင်းသို့ မတိုးချဲ့နိုင်တော့ကြောင်း MNDAA က ယမန်နေ့က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးသတင်းများနှင့် ပတ်သက်၍ ကိုးကန့်ဒေသစစ်ရေးအခြေအ‌နေကို MNDAA က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့အသိပေးထားခြင်းဖြစ်သည်။

“MNDAA၏စစ်ကြောင်းအသီးသီးတို့သည် စစ်ရေးကော်မတီ၏ညွှန်ကြားမှုဖြင့် တိုက်ပွဲများကို ဆက်လက် ထိထိရောက်ရောက် ဆင်နွှဲနိုင်ခဲ့ပါသည်”ဟု ထုတ်ပြန်အသိပေးထားသည်။

မြေပြင်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် MNDAAသည် လောက်ကိုင်မြို့၊ တုန်းချိန်အပြင်ဘက် လေးမျက်နှာစေတီကုန်းတွင် အခိုင်အမာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲသည် နံနက်မှ ညနေ အချိန်ထိတစ်​နေကုန်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ညနေ ၆ နာရီခန့်တွင် MNDAA၏ စစ်ညွှန်ကြားရေးမှူးက ထိုးစစ်ဆင်မှုများကိုရပ်တန့်ခဲ့ကာ စစ်နည်းပရိယာယ် ပြန်လည်ပြုပြင်ပြီးဒီဇင်ဘာ ၄ ရက်တွင်ထပ်မံ ထိုးစစ်တိုက်ခိုက်ရန်ညွှန်ကြားခဲ့ပြီးနှစ်ဖက် တိုက်ပွဲများပြင်းထန်နေဆဲဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့တွင် ယခင်ရက်က တိုက်ပွဲများအတွင်း ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့တွင် ယနေ့နံနက်မှ ညအထိတိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။