Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မြို့အနီး စစ်ကောင်စီ ယာယီတပ်စခန်း အချို့ကို ယနေ့ MNDAA ထပ်မံသိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၃၈ရက်မြောက်နေ့ ဒီဇင်ဘာ ၃ရက် တိုက်ပွဲသတင်းများကို မေးမြန်းရာ ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

(လောက်ကိုင်မြို့အနီးရှိ စစ်ကောက်စီ​၏ တပ်စခန်းအချို့အား သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)
(လောက်ကိုင်မြို့အနီးရှိ စစ်ကောက်စီ​၏ တပ်စခန်းအချို့အား သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)

ရှမ်းမြောက် ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း အချို့ကို ယနေ့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ၃၈ရက်မြောက်နေ့ ဒီဇင်ဘာ ၃ရက် တိုက်ပွဲသတင်းများကို မေးမြန်းရာ ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

“ဒီနေ့ လောက်ကိုင် တုန်ချိန်တဝိုက်မှာပဲ တိုက်ပွဲတွေဖြစ်ပါတယ်။ အဲဒီနားတဝိုက် စစ်ကောင်စီတို့ ယာယီလာချထားတဲ့ တပ်စခန်းတွေ ရှင်းလင်းနိုင်ခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားရာသည် လောက်ကိုင်မြို့ အနီး၌သာဖြစ်ပြီး မြို့တွင်း မဟုတ်ကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

(လောက်ကိုင်မြို့အနီးရှိ စစ်ကောက်စီ​၏ တပ်စခန်းအချို့အား သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)
(လောက်ကိုင်မြို့အနီးရှိ စစ်ကောက်စီ​၏ တပ်စခန်းအချို့အား သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – The Kokang)

လောက်ကိုင်မြို့သိမ်းတိုက်ပွဲကို သင့်တော်သည့် အချိန်တွင် ပြုလုပ်မည်ဟု MNDAAက ကြေညာထားရာ ယင်းနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူက “ကျနော်အပါအဝင် အခြေအနေကို စောင့်ကြည့်နေဆဲ အနေအထားမှာပဲရှိပါသေးတယ်”ဟု မြို့သိမ်းတိုက်ပွဲကိစ္စနှင့်ပတ်သက်ပြီး ပြောပြသည်။

MNDAAနှင့် မဟာမိတ်တပ်များ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုဒီဇင်ဘာလဆန်းအထိ စစ်ကောင်စီတပ်စခန်း ၂၃၀ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။