Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် ရဲတပ်သားတစ်ဦးသည်သေနတ် ၂လက်နှင့်ခဲယမ်းများယူ ဆောင်လာပြီး အလင်းဝင်

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

(အလင်းဝင် လာ​သော စစ်​ကောင်စီ ရဲ ယူ​ဆောင်လာ​သော ​သေနက်နှင့် ခဲ ယမ်းများ ။ဓါတ်ပုံ-သမန်းကျား)
(အလင်းဝင် လာ​သော စစ်​ကောင်စီ ရဲ ယူ​ဆောင်လာ​သော ​သေနက်နှင့် ခဲ ယမ်းများ ။ဓါတ်ပုံ-သမန်းကျား)

ဆားလင်းကြီးမြို့နယ်တွင် ရဲတပ်သားတစ်ဦးသည် သေနတ်နှစ် လက်၊ကျည်ဆံနှင့်ခဲယမ်းအများအပြားယူ ဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်လာသည်။

ဆားလင်းကြီးမြို့မရဲစခန်းမှရဲတပ်သား ဝေလျှံကျော်သည် ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဒီဇင်ဘာလ ၆ ရက်တွင် အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

“သမန်းကျားအဖွဲ့ဘက်ကို ချိတ်ဆက်ဝင်လာတာ။သေနတ် နှစ်လက်တောင်ပါတယ်” ဟု ဆာလင်းကြီးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အလင်းဝင်ရဲတပ်သားသည် G3 သေနတ် တစ်လက်၊MA 4 တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ ကျည်ဆံ ၇၀၀ ကျော်၊ ၄၀ မမ ဗုံးသီးအပါအဝင် ဗုံးလေးလုံးလည်း ယူဆောင်လာကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထနုအပြင် ကနီမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်လာကြောင်း ကနဦးသတင်းရရှိထားသည်။

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။