Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်မယ့် အစီအစဉ်တွေကို ထိုင်းစီးပွားရေး လုပ်ငန်းတွေ ဆိုင်းငံ့ထား

ထိုင်းစွမ်းအင် လုပ်ငန်းစုကြီး PTTကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွဲ နှစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ထည့်ဝင်မယ့် ကိစ္စကို နောက်ဆုတ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဟာ ပြည်တွင်း အသုံးပြုနေတဲ့ သဘာဝ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာဖက်ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။

(နိုင်ငံတစ်ဝန်းတိုက်ပွဲများပြင်းထန်သလို ၊မီးပြတ် ၊စင်သုံးဆီပြတ် ၊မူဝါဒ မတည်ငြိမ်ပဲ စီးပွား​ရေးအ​ခြေအ​နေမှာဆိုးသထက်ဆို​နေသည်။ ရန်ကုန်တွင် ဆီပြတ်၍ ဝယ်ယူရန် တန်းစီ​နေကြ​သောကားများ ။ဓါတ်ပုံ-People's Spring)
(နိုင်ငံတစ်ဝန်းတိုက်ပွဲများပြင်းထန်သလို ၊မီးပြတ် ၊စင်သုံးဆီပြတ် ၊မူဝါဒ မတည်ငြိမ်ပဲ စီးပွား​ရေးအ​ခြေအ​နေမှာဆိုးသထက်ဆို​နေသည်။ ရန်ကုန်တွင် ဆီပြတ်၍ ဝယ်ယူရန် တန်းစီ​နေကြ​သောကားများ ။ဓါတ်ပုံ-People's Spring)

နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာတာကြောင့် မြန်မာနိုင်ငံဖက်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ထိုင်း စီးပွားရေးလုပ်ငန်းတွေက ဆိုင်းငံ့ထားလိုက်ပါတယ်။

လတ်တလောမှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြား စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာခြင်းက ကျရှုံးနိုင်ငံ အဖြစ်ကို ဦးတည်သွားနိုင်ခြေ ရှိနေကြောင်း စိုးရိမ်တကြီး ယူဆမှုတွေ ဖြစ်ပေါ်လာစေသလို ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာစျေးကွက်ကနေ ရှောင်ဖယ်လာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၀ အစောပိုင်းမှာ ကိုဗစ်ကပ်ရောဂါ စတင် ကူးစက် ပျံ့နှံ့ချိန် ကတည်းက အကျပိုင်းကို ဦးတည်ခဲ့ပြီး နောက်နှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ အဆိုးတကာ အဆိုးဆုံးအဖြစ် စိုက်ဆင်းလာပါတယ်။ ၂၀၂၁ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ ၁၇.၉ ရာခိုင်နှုန်း ယုတ်လျော့သွားပြီး ၂၀၂၂ မှာ ၀.၆ ရာခိုင်နှုန်းလောက် မစို့မပို့လေးသာ တက်ရိပ်ပြခဲ့တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီး (IMF)က ထုတ်ပြန်ထားပါတယ်။

မူလက ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂.၄၉ ရာခိုင်နှုန်း တိုးတက်မှု ရှိလိမ့်မယ်လို့ မှန်းဆထားဖူးပေမယ့် လက်တွေ့မှာတော့ အလွန်အကျွံ အကောင်းမြင်တဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ။ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာခြင်းက နိုင်ငံရဲ့ စီးပွားရေးကို ဘေးကျပ်နံကျပ် အခြေအနေတွေဆီ ပိုမို တွန်းပို့ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း-မြန်မာ စီးပွားရေး ကောင်စီ (TMBC)က လက်ရှိ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာဖက်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုင်းငံ့ထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ TMBCရဲ့ ဥက္ကဋ္ဌ ခရစ် အန်ဝစ်တွန်ဆာသစ်က မြန်မာဟာ ငွေသားစီးဆင်းမှု အခက်အခဲတွေနဲ့ ဒေါ်လာငွေ ပြတ်လပ်မှုတွေ ကြုံနေတယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့နောက် မြန်မာနိုင်ငံရဲ့ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆိုးဆိုးရွားရွား ထိုးကျသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်ခွင့် ရထားတဲ့ တစ်ခုတည်းသော ထိုင်းဘဏ်ဖြစ်တဲ့ ဘန်ကောက်ဘဏ်ဟာ ရန်ကုန်အပြင် ဘဏ်ခွဲတွေ ထပ်ဖွင့်မယ့် အစီအမံတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

ထိုင်းစွမ်းအင် လုပ်ငန်းစုကြီး PTTကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွဲ နှစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ထည့်ဝင်မယ့် ကိစ္စကို နောက်ဆုတ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဟာ ပြည်တွင်း အသုံးပြုနေတဲ့ သဘာဝ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာဖက်ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အခြေစိုက် လုပ်ငန်းလည်ပတ်နေတဲ့ ထိုင်းကုမ္ပဏီတွေဟာလည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ကန့်သတ်ချက်နဲ့ ကုန်သွယ်ရေး အလွန်အကျွံ စည်းမျဉ်းတင်းကျပ်မှုလို ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းမှာ သုံးစွဲသူတွေရဲ့ ငွေကြေးတွေ ထုတ်သုံးနေတဲ့တိုင် ငွေသား စီးဆင်းမှုတွေက သိသိသာသာ ကျဆင်းသွားပြီး ဒီအခြေအနေတွေဟာ ကိုဗစ်ဂယက်နဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ဆိုတာ မြင်သာ ထင်ဟပ်စေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။