Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်သူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ထပ်မံဖမ်းဆီး

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်သူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ထပ်မံဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။ အခု သီတင်းပတ်မှာ ဘန်ကောက်မြို့တော်ရဲ့ ဆိုင်ယမ် ပါရာဂွန် စျေးဝယ်စင်တာထဲမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သား အမျိုးသမီး တစ်ဦးနဲ့ တရုတ် နိုင်ငံသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှု ကျူးလွန်တဲ့ လူငယ်ဟာ ဗလာကျည် သေနတ်တစ်လက်ကို ဝယ်ယူခဲ့တဲ့နောက် ကျည်အစစ် ထည့်ပစ်လို့ရအောင် မွမ်းမံပြင်ဆင်ပြီး စျေးဝယ်စင်တာထဲမှာ တွေ့ရာလူကို လိုက်လံ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၅ ရက်မျာတော့ ရဲတွေက ထိုင်းတောင်ပိုင်း၊ ယာလာဒေသမှာရှိတဲ့ သားအဖ နှစ်ဦးကို သေနတ်ရောင်းချမှု သံသယရှိသူတွေအဖြစ် ဖမ်းဆီးလိုက်ပါတယ်။ ရဲတွေက သူတို့ရဲ့ နေအိမ်ကို ဝင်ရောက် စီးနင်းတဲ့အခါ စွပ်စွဲချက်ကို ခိုင်မာစေတဲ့ အထောက်အထားသစ်တွေ ပိုမို တွေ့ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘန်ကောက်မှာလည်း နောက်ထပ် အမျိုးသား တဦးကို လူငယ်ဆီ ကျည်ဆန်တွေ ရောင်းချပေးမှုနဲ့ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

အောက်တိုဘာ ၃ ရက် ပစ်ခတ်မှု ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်းနိုင်ငံမှာ သေနတ်ကိုင် ရမ်းကားတဲ့ မှုခင်းတွေ ပိုမိုဆိုးရွားလာတယ် ဆိုတာကို မြင်သာစေတဲ့ နောက်ဆုံး ဥပမာတစ်ခု ဖြစ်လာပါတယ်။

ထိုင်းအစိုးရက ပြည်သူတွေ သေနတ်ကိုင်ဆောင်ခွင့်ကို စည်းမျဉ်းတွေ တင်းကျပ် ကန့်သတ်ထားပေမယ့် မှောင်ခိုစျေးကွက်ကနေ လက်နက်တွေ ဝယ်ယူတာတွေ ရှိနေဆဲပါ။ ပြည်ပ လေ့လာသူတွေရဲ့ ခန့်မှန်းချက်တွေအရ ထိုင်းနိုင်ငံသား ၁၀ သန်းလောက်မှာ သေနတ်တွေ ပိုင်ဆိုင်ထားပြီး လူဦးရေ အချိုးအစားအရ ၇ ယောက်မှာ ၁ ယောက်က သေနတ် ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ လူဦးရေ အချိုးအစားအရ သေနတ်ကိုင်ဆောင်မှု အမြင့်ဆုံး နိုင်ငံအဖြစ်လည်း ရပ်တည်လာစေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။