Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက အပစ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်နေကြောင်း TNLA ထပ်မံ အသိပေး

မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(နမ့်ခမ်းမြို့နယ်ရှိ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ စစ်ကောင်စီက Jet Fighter ဖြင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုပ်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ့်ခမ်းမြို့နယ်ရှိ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ စစ်ကောင်စီက Jet Fighter ဖြင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုပ်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

အာဏာသိမ်းစစ်ကောင်စီသည် လက်နက်ကြီး ၊လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ အရပ်သား ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှု လုပ်ရပ်သည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်သည်။

တအာင်း TNLA၊ ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များနှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအရ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၁၁ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သော်လည်း တစ်ရက်မပြည့်မီပင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲအချို့ ဖြစ်ခဲ့ကြောင်း TNLAက ယခင်ထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်)တွင်လည်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်မှ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ Jet Fighter ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးချိန်မှ ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်)အထိ စစ်ကောင်စီက ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း TNLAက ထုတ်ပြန်ကာ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။