Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အပစ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်နေကြောင်း TNLA ထပ်မံ အသိပေး

မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(နမ့်ခမ်းမြို့နယ်ရှိ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ စစ်ကောင်စီက Jet Fighter ဖြင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုပ်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ့်ခမ်းမြို့နယ်ရှိ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ စစ်ကောင်စီက Jet Fighter ဖြင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုပ်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

အာဏာသိမ်းစစ်ကောင်စီသည် လက်နက်ကြီး ၊လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ အရပ်သား ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှု လုပ်ရပ်သည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်သည်။

တအာင်း TNLA၊ ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များနှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအရ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၁၁ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သော်လည်း တစ်ရက်မပြည့်မီပင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲအချို့ ဖြစ်ခဲ့ကြောင်း TNLAက ယခင်ထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်)တွင်လည်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်မှ မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ Jet Fighter ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးချိန်မှ ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်)အထိ စစ်ကောင်စီက ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း TNLAက ထုတ်ပြန်ကာ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။