Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲရှိ လယ်ကြီးတပ်စခန်းကို TNLA၊PDF သိမ်းပိုက်၊ စစ်သားနှင့်ရဲ ငါးဦးအရှင်ဖမ်းမိ

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)
(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကိုယမန်နေ့ (ဒီဇင်ဘာ ၇ရက်)က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်နှင့်ရဲ ငါးဦး အရှင်ဖမ်းမိပြီး လက်နက်ကြီးအပါအဝင် စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)
(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – The Ta’ang Post)

ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက် နေ့လယ် ၁၁နာရီခွဲခန့်တွင် TNLAနှင့်မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲ သုံးဦးကို သုံ့ပန်းအဖြစ်ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် (၆၀)နှင့်(၈၀) မမ လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၀လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့(ဒီဇင်ဘာလ ၈ ရက်)အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း ၅၃ခုကို ရှင်းလင်းသိမ်းပိုက်ရပြီးဖြစ်ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။