Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲရှိ လယ်ကြီးတပ်စခန်းကို TNLA၊PDF သိမ်းပိုက်၊ စစ်သားနှင့်ရဲ ငါးဦးအရှင်ဖမ်းမိ

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)
(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကိုယမန်နေ့ (ဒီဇင်ဘာ ၇ရက်)က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်နှင့်ရဲ ငါးဦး အရှင်ဖမ်းမိပြီး လက်နက်ကြီးအပါအဝင် စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post)
(လယ်ကြီးတပ်စခန်း၌ ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – The Ta’ang Post)

ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက် နေ့လယ် ၁၁နာရီခွဲခန့်တွင် TNLAနှင့်မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲ သုံးဦးကို သုံ့ပန်းအဖြစ်ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် (၆၀)နှင့်(၈၀) မမ လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၀လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့(ဒီဇင်ဘာလ ၈ ရက်)အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း ၅၃ခုကို ရှင်းလင်းသိမ်းပိုက်ရပြီးဖြစ်ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။