Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝနှင့်ဆမီးတိုက်ပွဲမှ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများကို ချင်းပူး​ပေါင်းတပ်များတိုက်ခိုက်

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်တွင် စစ်ဘေးရှောင်နေသည့် ပြည်သူအမျိူးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ စုစုပေါင်း ၈ ဦးတို့ကို ဖမ်းဆီးသွားပြီးး အမျိုးသမီး ၅ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။

(ချင်းကာကွယ်​ရေးတပ်(မတူပီ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF(မတူပီ) )
(ချင်းကာကွယ်​ရေးတပ်(မတူပီ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF(မတူပီ) )

ပလက်ဝ နှင့် ဆမီးမြို့နယ်တို့မှ တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကိုချင်း​တော်လှန်​ရေးတပ်ဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၂ ဦးခန့်သေဆုံးခဲ့ကြောင်း CDF(မတူပီ)ကထုတ်ပြန်ထားသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကြား မတူပီမြို့နယ်၊ လုံပန်ကျေးရွာအနီး ကပင်ချောင်းတွင် ဇန်နဝါရီ၂၀ ရက်က တကြိမ်၊ စံတပ်ရွာတွင် ဇန်နဝါရီ ၂၁ ရက်က တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​ကြောင်း CDF (မတူပီ)က​ပြောသည်။

ကပင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၂၁ရက် ဒုတိယအကြိမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၇ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲနှစ်ကြိမ်လုံးတွင် ချင်းကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။

“ဆမီးမြို့ အမှတ်ဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စကစတပ် ၂၀၀လောက်ကိုCDFတွေက လိုက်တိုက်တာပါ။မတူပီထဲကိုဝင်ပြေးပြီးရွာသားတွေကို ရိုက်တာနှက်တာ၊ဖမ်းတာလည်း လုပ်ကြတယ်။”ဟု မတူပီဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲကို CDF(မတူပီ)၊ CDF(ကန်ပက်လက်)နှင့် CNAတို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ CDF-Daaiကလည်း ယနေ့တွင် စစ်ကူရောက်လာသည်ဟုလည်း CDF(မတူပီ)ကဆိုသည်။

တိုက်ပွဲအတွင်း အကျအဆုံးများနေသည့် စစ်ကောင်စီတပ်သည် စံတပ်ကျေးရွာမှာ ပြည်သူ့ဆေးရုံကို ဖျက်ဆီးမှုများပြုလုပ်ပြီး ဆေးဝါး၊မီးစက်နှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်တွင် စစ်ဘေးရှောင်နေသည့် ပြည်သူအမျိူးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ စုစုပေါင်း ၈ ဦးတို့ကို ဖမ်းဆီးသွားပြီးး အမျိုးသမီး ၅ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု CDF(မတူပီ)ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။