Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

ညီနောင်ဗျူဟာတွင် တပ်မ(၄၄) တပ်မမှူး ကိုယ်တိုင်ထိုင်ပြီး စစ်ရေးနယ်မြေတွေကို ကိုယ်တိုင်လာရောက်ကွပ်ကဲနေသည့်အခြေအနေဖြစ်ကြောင်း အထက်ဖော်ပြပါ KNU သတင်းရင်းမြစ်က ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ
KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

‣ အဓိကပုဂ္ဂိုလ်များကိုသယ်ယူပို့ဆောင်ရန်သုံးသည့် သယ်ယူပို့ဆောင်ရေးအမျိုးစားရဟတ်ယာဥ်ဖြစ်

မြ၀တီမြို့နယ် သင်္ကန်းညီနောင်တွင် ယနေ့ မွန်းလွဲပိုင်း၌ KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ကြောင်းသတင်းရရှိသည်။

” အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သင်္ဃန်းညီနောင်ဘက်ကို ရဟတ်ယာဉ်နဲ့ ပြန်အလာ ပစ်ချခံရတာ။ ခမရ ၃၅၅ နဲ့ ၃၅၆ တပ်ရင်းကြား ပျက်ကျတယ်လို့ သိရတယ်” လို့ KNU သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။

ရဟတ်ယာဉ်ပေါ်ပါလာသည့် တပ်မ(၄၄)တပ်မမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများထွက်‌ပေါ်လျက်ရှိသော်လည်း အတည်ပြုပြောကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ
KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ကန်းညီနောင်ဒေသအနီးတွင် ယနေ့ ဇန်နဝါရီလ(၂၉)ရက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။

ညီနောင်ဗျူဟာတွင် တပ်မ(၄၄) တပ်မမှူး ကိုယ်တိုင်ထိုင်ပြီး စစ်ရေးနယ်မြေတွေကို ကိုယ်တိုင်လာရောက်ကွပ်ကဲနေသည့်အခြေအနေဖြစ်ကြောင်း အထက်ဖော်ပြပါ KNU သတင်းရင်းမြစ်က ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်၌ ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ သင်္ကန်းညီနောင်ဒေသဘက်သို့ စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)တပ်မမှူးဦးဆောင်သော အဖွဲ့က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရဟတ်ယာဉ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း လေတပ်တွင် Eurocopter အမျိုးအစားရဟတ်ယာဉ် တစ်စီး တပ်တော်ဝင်ချိန်က အဲဒီရဟတ်ယာဉ်သည် အဓိကပုဂ္ဂိုလ်များကိုသယ်ယူပို့ဆောင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးမှာ အသုံးချရန်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၄ ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ယခု ကရင်ပြည်နယ်တို့တွင် တော်လှန်ရေးအဖွဲ့များလက်နှက်နှင့် ပျက်ကျခဲ့သည့် တိုက်လေယာဥ်တစ်စီးနှင့် ရဟတ်ယာဥ်နှစ်စီးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။