Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

ညီနောင်ဗျူဟာတွင် တပ်မ(၄၄) တပ်မမှူး ကိုယ်တိုင်ထိုင်ပြီး စစ်ရေးနယ်မြေတွေကို ကိုယ်တိုင်လာရောက်ကွပ်ကဲနေသည့်အခြေအနေဖြစ်ကြောင်း အထက်ဖော်ပြပါ KNU သတင်းရင်းမြစ်က ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ
KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

‣ အဓိကပုဂ္ဂိုလ်များကိုသယ်ယူပို့ဆောင်ရန်သုံးသည့် သယ်ယူပို့ဆောင်ရေးအမျိုးစားရဟတ်ယာဥ်ဖြစ်

မြ၀တီမြို့နယ် သင်္ကန်းညီနောင်တွင် ယနေ့ မွန်းလွဲပိုင်း၌ KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ကြောင်းသတင်းရရှိသည်။

” အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သင်္ဃန်းညီနောင်ဘက်ကို ရဟတ်ယာဉ်နဲ့ ပြန်အလာ ပစ်ချခံရတာ။ ခမရ ၃၅၅ နဲ့ ၃၅၆ တပ်ရင်းကြား ပျက်ကျတယ်လို့ သိရတယ်” လို့ KNU သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။

ရဟတ်ယာဉ်ပေါ်ပါလာသည့် တပ်မ(၄၄)တပ်မမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများထွက်‌ပေါ်လျက်ရှိသော်လည်း အတည်ပြုပြောကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ
KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ

ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ကန်းညီနောင်ဒေသအနီးတွင် ယနေ့ ဇန်နဝါရီလ(၂၉)ရက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။

ညီနောင်ဗျူဟာတွင် တပ်မ(၄၄) တပ်မမှူး ကိုယ်တိုင်ထိုင်ပြီး စစ်ရေးနယ်မြေတွေကို ကိုယ်တိုင်လာရောက်ကွပ်ကဲနေသည့်အခြေအနေဖြစ်ကြောင်း အထက်ဖော်ပြပါ KNU သတင်းရင်းမြစ်က ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်၌ ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ သင်္ကန်းညီနောင်ဒေသဘက်သို့ စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)တပ်မမှူးဦးဆောင်သော အဖွဲ့က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရဟတ်ယာဉ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း လေတပ်တွင် Eurocopter အမျိုးအစားရဟတ်ယာဉ် တစ်စီး တပ်တော်ဝင်ချိန်က အဲဒီရဟတ်ယာဉ်သည် အဓိကပုဂ္ဂိုလ်များကိုသယ်ယူပို့ဆောင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးမှာ အသုံးချရန်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၄ ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ယခု ကရင်ပြည်နယ်တို့တွင် တော်လှန်ရေးအဖွဲ့များလက်နှက်နှင့် ပျက်ကျခဲ့သည့် တိုက်လေယာဥ်တစ်စီးနှင့် ရဟတ်ယာဥ်နှစ်စီးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။