Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် လိုအပ်သည့် လက်နက်နှင့် စစ်သုံးပစ္စည်းများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများကို အီးယူနှင့် နိုင်ငံခြားရေးဝန်ကြီး ၈ဦး ပူးတွဲတိုက်တွန်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

(ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AP၊ Anadolu Agency)
(ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AP၊ Anadolu Agency)

▪️မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ဟု ဆို

မြန်မာစစ်တပ်မှ ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များဆောင်ရွက်ရန် လိုအပ်သည့် လက်နက်နှင့် စစ်သုံးပစ္စည်းများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများကို ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်နှင့် နိုင်ငံခြားရေးဝန်ကြီး ၈ ဦးတို့က ပူးတွဲတိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသုံးနှစ်ပြည့်မြောက်ခြင်းအပေါ် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

(ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AP၊ Anadolu Agency)
(ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – AP၊ Anadolu Agency)

စစ်အာဏာရှင်အဖွဲ့အစည်း၏ လက်အောက်တွင် လူထောင်ပေါင်းများစွာ ထောင်ချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများနှင့်အတူ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်မားလာခဲ့ပြီး နေအိမ်၊ ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအဆောက်အအုံများနှင့် ဝတ်ပြုကိုးကွယ်သောနေရာများအပါအဝင် အရပ်သားပြည်သူများ အသုံးပြုသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် မီးရှို့ခြင်းများကို စစ်တပ်က ပြုလုပ်ခဲ့သည်။ ထိုမျှမက ရိုဟင်ဂျာများအပါအဝင် ဘာသာရေးနှင့် တိုင်းရင်းသားအသိုက်အဝန်းများအပေါ် စနစ်တကျခွဲခြားဆက်ဆံမှုများသည်လည်း အလွန်မြင့်မားလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးများက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကျူးလွန်လျက်ရှိသည့် ကြမ်းကြုတ်ရက်စက်သည့် လုပ်ဆောင်ချက်များနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု၊ ငြိမ်ချမ်းစွာဆန္ဒပြခြင်းနှင့် သတင်းမီဒီယာများမ လွတ်လပ်စွာထုတ်ဖော်ခွင့်အပါအဝင် အခြေခံကျသောလွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံးသောအနေအထားဖြင့် နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်ကို ဦးတည်ချက်လမ်းစဉ် ပြောင်းလဲလုပ်ဆောင်ရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများချက်ချင်း ရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အပြည့်အဝပေးအပ်ခွင့်ပြုရန်နှင့် သက်ဆိုင်သူအားလုံးနှင့်အတူ အများပါဝင်နိုင်သည့်တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းပေါ်ပေါက်လာအောင်ဖန်တီးပေးရန် ၎င်းတို့က ထပ်မံတောင်းဆိုသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင် အများယုံကြည်လက်ခံနိုင်သော ငြိမ်းချမ်းသည့်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်ရေးအတွက် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းအား ရပ်တန့်အောင် တွန်းအားပေးရန်၊ စစ်မှန်ပြီး အများပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန်၊ မြန်မာပြည်သူများ၊ ထိခိုက်အလွယ်ဆုံးအသိုက်အဝန်းများအပါအဝင် အိမ်နီးချင်းနိုင်ငံများဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ဒုက္ခသည်များအတွက် အပူတပြင်းလိုအပ်လျက်ရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန်တို့ကို နိုင်ငံတကာအသိုင်းအဝန်းအား တောင်းဆိုသည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကြာမြင့်ခဲ့သည့်အချိန်တွင် မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောဒီမိုကရေစီစနစ်တစ်ခုပေါ်ထွက်လာရေးအတွက် ၎င်းတို့ ထားရှိသည့် ဆန္ဒလိုလားချက်တို့နှင့်အတူ အထက်ပါနိုင်ငံခြားရေးဝန်ကြီးများက တသားတည်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...