Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကို တရားစွဲနိုင်အောင် အမှုတွဲတည်ဆောက်နေ

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်းပိုမိုကျုးလွန်လာနေပြီး ခိုင်မာတဲ့သက်သေအထောက်အထားတွေရရှိထားပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့က အင်္ဂါနေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့အဖွဲ့တွေ ၂၀၂၂ ခုနှစ်ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်ဇွန်လအထိ တစ်နှစ်တာနီးပါးကာလအတွင်းကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေပါရှိပါတယ်။

ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၃ မျိုး ခွဲပြရာမှာ အရပ်သားတွေကိုမခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ ၊ အရပ်သားတွေနဲ့ဖမ်းဆီးခံရတဲ့ တော်လှန်ရေးသမားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ ၊အရပ်သားတွေရဲ့နေအိမ်တွေနဲ့အဆောက်အဦးတွေကိုမီးတင်ရှို့တာတွေပါဝင်ပါတယ်။

အဲဒီစစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကိုလည်း စုဆောင်းထားပြီး တရားရုံးတွေမှာ အသုံးပြုနိုင်အောင် အမှုတွဲတည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစီရင်ခံစာအတွက် သတင်းရင်းမြစ် ၇၀၀ ကျော် စုစည်းခဲ့ရာမှာ မျက်မြင်သက်သေ ၂၀၀ ကျော် ၊ ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း ၊လူမှုကွန်ရက်မှာတင်ထားတဲ့ အကြောင်းအရာတွေ ၊မြေပုံမှတ်တမ်းတွေ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

ဓာတ်ပုံ − ချင်းတွင်းချစ်သူ

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။