Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီစာရင်းကောက်ယူ

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

မန္တလေးတိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်သင်တန်းကိုတွေ့ရစဉ်
မန္တလေးတိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်သင်တန်းကိုတွေ့ရစဉ်

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အကြုံးဝင်သူတွေကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းကစာရင်းကောက်ယူနေပါပြီ။

ချမ်းအေးသာစံ ၊မဟာအောင်မြေနဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီနေ့ နေ့ခင်းပိုင်းက တစ်အိမ်တက်ဆင်း စာရင်းကောက်ပြီး စစ်မှုထမ်းအရွယ်ရောက်သူတွေ စာရင်းသွင်းရမယ့် ပုံစံစာရွက် ပေးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” အုပ်ကြီးနဲ့ အုပ်ကြီးနောက်လိုက် နှစ်ယောက်လာသွားတာ ၊ ဖောင်ဖြည့်ဖို့စာရွက်တွေပေးသွားတယ်”လို့ လုံခြုံရေးအရ နေရပ်မဖော်ပြလိုတဲ့ အသက် ၁၉အရွယ်လူငယ်တစ်ဦးကပြောပါတယ်။

စာရင်းကောက်ယူရာမှာ အမည် ၊ မှတ်ပုံတင် ၊ မွေးသက္ကရာဇ်နဲ့ အလုပ်အကိုင် အချက်အလက်တွေ ကောက်ယူသွားတာပါ။

Public Service Announcement

Public Service Announcement

မဟာအောင်မြေမြို့နယ်မှာတော့ အသက် ပြည့်မီတဲ့ အမျိုးသားတွေကို ပုံစံစာရွက်နဲ့ ဓာတ်ပုံ ၆ ယူပြီး ရပ်ကွက်ရုံး ဆီ လာဖို့ တပါတည်း အသိပေးသွားတယ်လို့သိရပါတယ်။

ဒီနေ့ စာရင်းကောက်တာကို ချမ်းအေးသာစံမြို့နယ် ကံကောက် ၊ ယာဉ်ပျံ ၊ကျန်းမာရေး ၊ ရွှေယဉ်မွန် ၊ အောင်မြေသာစံမြို့နယ် ကညောင်ကွဲနဲ့ မဟာအောင်မြေမြို့နယ်ထဲ က စိန်ပန်း ၊ဟေမာလာတောင် ရပ်ကွက်တွေမှာကောက်ယူသွားတာပါ။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ဖို့ အသက်ပြည့်မီသူတွေကို စာရင်းကောက်ယူတာ ၊ ရပ်ကွက်ရုံးတွေဆီ ဆင့်ခေါ်တာကို နေပြည်တော် ၊ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ အခုရက်ပိုင်းတွေ အတွင်း အပူတပြင်းလုပ်ဆောင်လာတာပါ။

စစ်မှုထမ်းဥပဒေ အတွက်သုံးစွဲမယ့် ကုန်ကျစရိတ်ကို လာမယ့်ဧပြီလ ၁ ရက် မှာ စတင်မယ့် ဘတ်ဂျက်မှာ ထည့်သွင်းထားပြီးဖြစ်သလို စစ်သင်တန်းကျောင်းတွေကို ပြင်ဆင်ထားပြီးပြီလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

အပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့တစ်နှစ်ကို လူခြောက်သောင်းစုမှာဖြစ်ပြီး လာမယ့်ဧပြီ သင်္ကြန်ရုံးပိတ်ရက် အပြီး အကောင်အထည်ဖော်မှာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။