Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းဥပဒေကို လက်တွေ့ကျထိရောက်သော လုပ်ငန်းစဥ်များဖြင့် တုန့်ပြန်ရန် NUG၊ NUCCတို့ကို တကသများ-ရန်ကုန်နှင့် က.လ.တတို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်

NUG နှင့် NUCC တို့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရကြောင််း တကသများ-ရန်ကုန်နှင့် က.လ.တ တို့က ဖော်ပြသည်။

စစ်မှုထမ်းဥပဒေကို လက်တွေ့ကျထိရောက်သော လုပ်ငန်းစဥ်များဖြင့် တုန့်ပြန်ရန် NUG၊ NUCCတို့ကို တကသများ-ရန်ကုန်နှင့် က.လ.တတို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်
စစ်မှုထမ်းဥပဒေကို လက်တွေ့ကျထိရောက်သော လုပ်ငန်းစဥ်များဖြင့် တုန့်ပြန်ရန် NUG၊ NUCCတို့ကို တကသများ-ရန်ကုန်နှင့် က.လ.တတို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်

ထားအိ၊သတိုး/People’s Spring

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန််၊ အသက်သွင်းဆောင်ရွက််နေသည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့အနေဖြင့် လက်တွေ့ကျထိိရောက်သော လုပ်ငန််းစဥ်များကို အကောင်အထည်ဖော်ရန် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)နှင့် ကျောင်းသားလက်ရုံးတပ်တော်(က.လ.တ)တို့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်သည်။

စစ်မှုထမ်းဥပဒေကို လက်တွေ့ကျထိရောက်သော လုပ်ငန်းစဥ်များဖြင့် တုန့်ပြန်ရန် NUG၊ NUCCတို့ကို တကသများ-ရန်ကုန်နှင့် က.လ.တတို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်
စစ်မှုထမ်းဥပဒေကို လက်တွေ့ကျထိရောက်သော လုပ်ငန်းစဥ်များဖြင့် တုန့်ပြန်ရန် NUG၊ NUCCတို့ကို တကသများ-ရန်ကုန်နှင့် က.လ.တတို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး လူထုအပေါ် ဖိနှိပ်လာမှုသည် ယခု ရက်ပိုင်းအတွင်း ပိုမို၍ ပြင်းထန်လာသည်ကို တွေ့ရကြောင်း ယနေ့(မတ်လ ၂၂ရက်) ထုတ်ပြန်သော အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည််။ NUG နှင့် NUCC တို့အနေဖြင့် ပို၍လက်တွေ့ကျသော၊ ပို၍ ထိရောက်သော လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်လိမ့်ဦးမည်ဟု မျှော််လင့်ကြောင််း ဖော်ပြသည််။

“လက်ရှိစစ်မှုထမ်းဥပဒေနဲ့ပတ်သက််ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ဘေးကျပ်နံကျပ်၊ ကျဥ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ တကယ့်မြေပြင်က ပြည်သူလူထုက ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရတယ်။ အဲဒီအတွက် တော်လှန်ရေးအစိုးရတစ််ရပ်အနေနဲ့ ခံယူထားတဲ့ NUG၊ NUCC တို့အနေနဲ့ အခုချပြထားတဲ့ လုပ််ငန််းစဥ််တွေထက်် ပိုပြီး လက်တွေ့ကျတဲ့၊ ပြည််သူလူထုကို အမှန်တကယ် ထိထိရောက်ရောက်နဲ့ အကာအကွယ်ပေးနိုင်မယ့် နည််းနာတွေ၊ အစီအမံတွေ ချမှတ်ပြီး လုပ်ငန်းစဥ််တွေ ဖော်ဆောင်သင့်တဲ့အကြောင်း ကျွန်တော်တို့အနေနဲ့ တိုက်တွန််းရခြင်းဖြစ်ပါတယ်” ဟု တကသများ-ရန်ကုန်မှ Christineက ပြောသည်။

Public Service Announcement

Public Service Announcement

NUG နှင့် NUCC တို့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရကြောင််း တကသများ-ရန်ကုန်နှင့် က.လ.တ တို့က ဖော်ပြသည်။

တဖက်တွင် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်မှ မဟုတ်သော တော်လှန်ရေးအဖွဲ့အစည်းအချို့သည် အဖိနှိပ်ခံပြည်သူများ လွတ်မြောက်နယ်မြေများတွင် ခိုလှုံခွင့် ရရှိရန်၊ ခိုလှုံနိုင်ရန် ထုတ်ပြန်ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရှိရပြီး ထိုသို့ ဆောင်ရွက်ချက်များသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမှုများဖြစ်သည့်အတွက် အဆိုပါအဖွဲ့အစည်းများအပေါ် လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် ပြည်သူလူထုအတွက် NUGနှင့် လက်တွဲဆောင်ရွက် တိုက်ပွဲဝင်နေသော လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းများ၏ အခြေစိုက်ရာဒေသများနှင့် လွတ်မြောက်နယ်မြေ များတွင် ခိုလှုံခွင့်ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုရန်မှ ပြည်သူလူထုကို ကာကွယ်ပေးခြင်းများ နှင့် NUCC၊ NUGတို့ အနေဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လူထုထံသို့ တိကျရှင်းလင်းသော ထုတ်ပြန်ချက်များ၊ အသိပညာပေးချက်များကို ထုတ်ပြန် ချပြခြင်းများနှင့် လူထုအား စစ်မှုထမ်းဥပဒေကို ဆန့်ကျင်အာခံရန်အတွက် စနစ်ကျသောလုပ်ငန်းစဉ်များ လမ်းညွှန်ချပြခြင်းများ လုပ်ဆောင်ရန် တကသများ-ရန်ကုန်နှင့် က.လ.တ တို့က တိုက််တွန်းအကြံပြုသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီပေးနေသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ကြေညာထားခဲ့ပြီးနောက် တစ်ပတ်အတွင်း အသတ်ခံရသည့် စစ်ကောင်စီတပ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ အနည်းဆုံး ၁၇ဦးခန့်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာပြီးနောက် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ လူဦးရေစာရင်းကောက်ယူခြင်း ၊ စစ်မှုထမ်းရန်အတွက် လူငယ် များအား မဲနှိုက်ရွေးချယ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေ အသက်ဝင် အောင် ကူညီကြသူများကို ပြင်းထန်သည့်အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု ရန်ကုန် ၊ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းကိစ္စကို ကူညီသူများအား ကူညီသူတစ်ဦးတည်းသာမကပဲ ၎င်း၏မိသားစုဝင်များကိုပါ အရေးယူမှုပြုလုပ်မည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသူ ၊ စစ်တပ်သတင်းပေးများ၏ ဓာတ်ပုံများနှင့် အတူ ကြေညာချက်ထုတ်ပြန်ထားသည်။

အချို့ရပ်ကွက်များတွင် မဲနှိုက်ရွေးချယ်သည့်နေရာများသို့ တစ်ရပ်ကွက်လုံးသွားရောက်ခြင်းမရှိဘဲ ဆန့်ကျင်သူများရှိသလို အချို့ရပ်ကွက်များတွင်လည်း မဲမသမာမှုပြုလုပ်သည့်ကိစ္စများနှင့် အုပ်ချုပ်ရေးမှူးများအား ရိုက်နှက်သည့်ဖြစ်စဉ်များလည်းရှိသည်။

NUCC နှင့် NUG အနေဖြင့် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ပြည်သူများပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နှင့် ဆန့်ကျင်မှုများပြုလုပ်ရန် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ချက် သုံးစောင်ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်တွင် အဓမ္မစစ်သားစုဆောင်းမှုဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများပြုလုပ်၍ နိုင်ငံတကာအဖွဲ့အစည်းများအထိ အချက်အလက်များပေးပို့မည်ဖြစ်ကြောင်းကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင်ထုတ်ပြန်သည့်စာတွင်ပြည်သူများ စစ်မှူထမ်းဥပဒေကို ဆန့်ကျင်ရန် ၊ တော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်၍ လွတ်မြောက်နယ်မြေများသို့ သွားရောက်ရန် နှင့် ၎င်းတို့အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်များ တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ပြည်သူလူထုနှင့်လူငယ်များကို အကာအကွယ်ပေးသည့်လုပ်ငန်းစဉ်များလုပ်ဆောင်မည်ဟု ‌ဖော်ပြထားသည်။

“အမျိူးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရသည်။ အမျိူးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပို၍လက်တွေ့ကျသော၊ ပို၍ ထိရောက်သော လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်လိမ့်ဦးမည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်မိသည်။ ” ဟု ကျောင်းသားအဖွဲ့များက ဆိုသည်။

ထို့ပြင် လူမျိုးစု တော်လှန်ရေးအဖွဲ့များ ၊ NUG လက်အောက်မှ မဟုတ်သော အဖွဲ့များသည် လူငယ်များအတွက် တပ်သားသစ်ခေါ်ယူသည့် လုပ်ငန်းစဉ်များ ခိုလှုံနိုင်‌ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ရာ ယင်းအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကိုကျေးဇူးတင် ကြောင်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။