Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားခြောက်ဦးသေဆုံးသည့် ထိုင်းစက်ရုံဖြစ်စဉ် တစ်ဦးလျှင် ဘတ် ၁၆သိန်းစီ နစ်နာကြေးပေး

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)
(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)

▪️ယနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိုင်းသတင်းထောက်ကားနှစ်စီး အနည်းငယ်ပျက်စီး

ထိုင်းနိုင်ငံ လယောင်းခရိုင်၊ လယောင်းမြို့ရှိ သံထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကရိန်းပြိုကျမှု မြန်မာလုပ်သား ခြောက်ဦးသေဆုံးမှုတွင် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၁၆သိန်း(ကျပ်သိန်း ၁၆၀၀ခန့်)စီ ပေးအပ်ရန် သဘောတူညီမှုရထားသည်ဟု အဆိုပါဖြစ်စဉ်လိုက်လံဖြေရှင်းပေးနေသော ကိုရဲမင်း​၏ MHACအဖွဲ့က ပြောသည်။

ယမန်နေ့ ညနေက အဆိုပါစက်ရုံအတွင်း ကရိန်းပြိုကျမှုတွင် ကနဦးအဖြစ် မြန်မာလုပ်သား ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူမှာ ဆေးရုံ၌ ညပိုင်းတွင် ထပ်မံသေဆုံးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့၍ စုစုပေါင်း မြန်မာလုပ်သား ခြောက်ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)
(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – MHAC)

အဆိုပါစက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ စုဝေးမှုများကြောင့် စက်ရုံပိုင်ရှင်က တစ်ဦးလျှင် ဘတ်ငါးသိန်းစီး ကနဦးပေးအပ်ပြီး ကျန် ဘတ် ၁၁သိန်းအား သုံးလအတွင်းပေးအပ်မည်ဟု သဘောတူညီမှုရခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်တွင် အဆိုပါမြန်မာလုပ်သားများက ကျေနပ်မှုမရှိ၍ စုဝေးတောင်းဆိုရန် အဆောင်မှ စက်ရုံသို့ မြန်မာလုပ်သား ကားသမားအား မောင်းခိုင်း၍ သွားရောက်ခဲ့ကြသည်။ ထို့သို့ ကားမောင်းလိုက်ပို့ပေးသော မြန်မာလုပ်သားအား အလုပ်မှထုတ်ခဲ့သည်။

(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)
(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – MHAC)

ထို့ကြောင့် မြန်မာလုပ်သားများက စုဝေးစဉ် ရုန်းရင်းဆန်းခတ်ဖြစ်ပြီး ခဲဖြင့်ပစ်ပေါက်ရာ လာရောက်သတင်းယူသော ထိုင်းသတင်းထောက်​၏ ကားနှစ်စီးထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ယမန်နေ့ညကလည်း ရုပ်အလောင်းများလာရောက် သယ်ဆောင်သော ယာဉ်အား ထွက်ခွာခွင့်မပြုဘဲ ဝိုင်းဝန်းပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

“ထိုင်းသတင်းထောက်တွေက စိတ်ဆိုးပြီးပြန်သွားကြတယ်။ အမှုဖွင့်မယ်လို့လည်း ပြောသွားတယ်။ အဲဒီအချိန်မှာ ရဲတွေက ရောက်မလာသေးဘူး”ဟု MHACမှ မဖြူသဇင်ဦးက ပြောသည်။

(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MHAC)
(ယနေ့ နံနက်က မြန်မာလုပ်သားများ စုဝေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – MHAC)

လက်ရှိတွင် မြန်မာလုပ်သားများက နစ်နာမှုများတောင်းဆိုရာ အလုပ်ရှင်က သိမ်းဆည်းထားသော အထောက်အထားစာအုပ်အား ပြန်ပေးမည်ဟုနှင့် ကျန်ငွေနစ်နာကြေးအား နှစ်ပတ်အတွင်းပေးမည်ဟု သဘောတူညီမှုရထားသည်ဟု မဖြူသဇင်ဦးက ပြောသည်။

“ပထမ သဘောတူလက်မှတ်ထိုးထားတဲ့ စာချုပ်က မခိုင်မာဘူးပေါ့။ အခု သေချာတဲ့စာချုပ်ပြန်ချုပ်ဖို့ စောင့်နေကြတာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာ၊ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံသားများ စုစုပေါင်း သုံးထောင်ကျော်အလုပ်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာလုပ်သားများဖြစ်သည်ဟု MHACက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။