Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် MoU မြန်မာလုပ်သား ၁၄၀ဦး အလုပ်မရဘဲ အခက်တွေ့နေ

ငွေစင်ပုလဲအေဂျင်စီက ငါးသေတ္တာနှင့် ကြက်သားစက်ရုံတို့ ပို့ဆောင်အလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အလုပ်မရသေးဟု ဆိုသည်။

(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)
(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)

ထိုင်းနိုင်ငံ ချန်ထဘူရီခရိုင်ရှိ သစ်သီးစက်ရုံတွင် အလုပ်ရမည်ဆိုကာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့်ခေါ်လာသည့် မြန်မာလုပ်သား ၁၄၀ဦးမှာ တစ်ပတ်ကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း အဆိုပါ လုပ်သားများနှင့် ယင်းဖြစ်စဥ်ကူညီပေးနေသော MHAC အဖွဲ့က ပြောသည်။

ငွေစင်ပုလဲအေဂျင်စီမှ ပို့ဆောင်ပေးသော MoUလုပ်သား ၂၀၀ခန့်မှာ မတ်လ ၁၆ရက်က စတင်ခေါ်ဆောင်လာခြင်းဖြစ်ပြီး မတ်လ ၂၁ရက်တွင် စာချုပ်ပါရှိသည့် TKK သစ်သီးစက်ရုံသို့ ရောက်ရှိလာခဲ့သည်။

(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)
(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – MHAC)

စက်ရုံသို့ရောက်ရှိသောအခါ စက်ရုံကအလုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းဖြစ်စဥ်တွင်ပါဝင်သော မြန်မာလုပ်သား ကိုသီဟစိုးက ပြောသည်။ ထိုအချိန်တွင် မြန်မာလုပ်သားများမှာ ၅၀ကျော်ပါရှိသော အုပ်စုနှင့် ၁၄၀ပါရှိသောအုပ်စု နှစ်စုကွဲသွားသည်ဟု ကိုသီဟစိုးက ပြောသည်။

သို့သော် လုပ်သား ၁၄၀ပါရှိသော အုပ်စုမှာ မတ်လ ၂၉ရက်အထိ အလုပ်မရရှိသေးကြောင်း ကိုသီဟစိုးက ပြောသည်။

Public Service Announcement

Public Service Announcement

“စက်ရုံက ဒီလောက်အရေးအတွက်နဲ့ လူခေါ်မထားဘူးပေါ့။ အဲဒါကြောင့် အလုပ်မပေးနိုင်ဘူးလို့ စက်ရုံက ပြောတယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ငွေစင်ပုလဲအေဂျင်စီက ငါးသေတ္တာနှင့် ကြက်သားစက်ရုံတို့ ပို့ဆောင်အလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အလုပ်မရသေးဟု ဆိုသည်။

(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)
(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – MHAC)

“နောက်လာမယ့် သူတွေအနေနဲ့ မှန်ကန်တဲ့ အေဂျင်စီကို ရွေးချယ်ပြီးတက်လာစေချင်ပါတယ်”ဟု ကိုသီဟစိုးက ပြောသည်။ သို့သော် ယင်းဖြစ်စဥ်အပေါ် ကိုရဲမင်း(AAC)ဦးဆောင်သော MHACအဖွဲ့က လိုက်လံဖြေရှင်းပေးနေရာ လက်ရှိတွင် သက်ဆိုင်ရာ အေဂျင်စီက ထိုင်းလုံဆင် ငါးသေတ္တာစက်ရုံနှင့်ချိတ်ဆက်ရာ လုပ်သားစာရင်းဖောင်ဖြည့်ခိုင်းထားသည်ဟု ကိုရဲမင်း(AAC)က ပြောသည်။

“MoU ကိစ္စတွေက မကြာခဏဖြစ်နေတာ။ ဖြစ်စဥ်မှာလည်း အလုပ်သမားဦးရေက အမျိုးသမီးတွေက အများစုဖြစ်နေတော့ ပြေလည်စေချင်တယ်။ လိုအပ်ရင် MoUလုပ်သား ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်။ ထိုင်းလုံဆင်ဆိုတာက စက်ရုံကြီးဖြစ်တယ်။ ဒီလို ဖောင်ဖြည့်ခိုင်းထားပြီဆိုရင် အလုပ်ရဖို့က သေချာသလောက်တော့ ရှိနေပါတယ်။”ဟု ကိုရဲမင်းက ပြောသည်။

(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)
(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – MHAC)

ယခု အလုပ်အခက်တွေ့နေသော MoUလုပ်သား ၁၄၀ဦးတွင် အမျိုးသမီးလုပ်သား ၁၁၀ဦးအထိ ပါဝင်သည်။ ၎င်းတို့သည် MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် တစ်ဦးလျှင် ကျပ် ၄၂သိန်းမှ ကျပ်သိန်း ၅၀အထိပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - MHAC)
(ထိုင်းနိုင်ငံတွင် အလုပ်အခက်တွေ့နေသော MoU မြန်မာလုပ်သား ၁၄၀ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – MHAC)

ကိုဗစ်ကပ်ရောဂါကာလတွင် ပိတ်ပင်ခဲ့သော ထိုင်းနိုင်ငံသို့ MoU လုပ်သားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၂၂ မေလမှစတင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီ – မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားနှင့် ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှတဆင့် ပို့ဆောင်ခြင်း ဖြစ်သည်။သို့သော် နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေ မလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ် ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် MoU လုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်သူများက ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား လေးသန်းကျော်ရှိပြီး MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။