Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးအကျဉ်းထောင်၌ ဆေးဝါးစောင့်ရှောက်မှုမရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံး၊ ၄လအတွင်း သေဆုံးသူသုံးဦးအထိရှိလာ

ယခု ၂၀၂၄အတွင်း အကျဥ်းထောင်အသီးသီး၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ၈ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

(ဒိုက်ဦးအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - PPNM Facebook)
(ဒိုက်ဦးအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - PPNM Facebook)

အောင်ဇေယျ/People’s Spring

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ၄လအတွင်းသေဆုံးသူ သုံးဦးအထိရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်၌ အရေးပေါ် ဆေးဝါးကုသမှုခံယူရန်အတွက် ပြင်ပဆေးရုံသို့ပို့ရန် လိုအပ်သည့် (၃၂)နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း(ခ)လယ်ဝေးသည် မေလ ၈ရက် ည၈နာရီခန့်က အကျဉ်းထောင်ပြင်ပ၌ အသက်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ (မေလ ၁၁ရက်)တွင် ထုတ်ပြန်သည်။

မေလ ၇ရက်က ကိုလင်းလင်းထွန်း၏ ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်ချိန်တွင် အကျဉ်းထောင်အာဏာပိုင်များက ထောင်ပြင်ပဆေးရုံသို့‌ အချိန်မီပို့ဆောင်ပေးခြင်း မရှိဘဲ အသက်သေဆုံးခါနီး အချိန်ရောက်မှသာ ဆေးရုံကို ပို့ဆောင်ခဲ့၍ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း PPNM၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုလင်းလင်းထွန်းသည် ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၀နှစ် မတရားအမိန့်ချခံထားရသည့် လယ်ဝေးသားတစ်ဦး ဖြစ်သည်။

ကိုလင်းလင်းထွန်းသည် ဖမ်းဆီးခံရပြီး‌နောက် စစ်ကြောရေး၌ ရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုရရှိရန် မကြာခဏတောင်းခံခဲ့ကြောင်း၊ သို့သော် လုံလောက်သောဆေးဝါးစောင့်ရှောက်မှုမရရှိခဲ့ကြောင်း PPNM အဖွဲ့ထံမှ သိရသည်။

“အဓိကသေဆုံးမှုတွေကို ပြန်ကြည့်မယ်ဆိုရင် အကျဥ်းထောင်တွင်းမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာ၊ ထောင်ဆေးရုံတွေမှာ ဆရာဝန် တွေက အချိန်ပြည့်ရှိမနေတာ၊ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံအချိန်နဲ့တပြေးညီမပို့ဆောင်တာ ဒီလိုပြဿနာတွေ အ​ပြင်

ထောင်ကို မိသားစုဝင်တွေကပို့တဲ့ထောင်ဝင်စာဆေးဝါးတွေပါ။ အကန့်အသတ်နဲ့လက်ခံတာ တချို့ထောက်အာဏာပိုင်တွေက နိုင်ငံခြားဆေးဝါးတွေကို လက်မခံတာတွေကြောင့် အကျဥ်းထောင်တွေထဲမှာ ပုံမှန်ရောဂါလောက်ခံစားရတဲ့သူတွေတောင်မှ မသေဆုံးသင့်ဘဲသေဆုံးခဲ့ရတာတွေဖြစ်ခဲ့တယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း ယခုနှစ် ဖေဖော်ဝါရီ ၉ရက်က ပုဒ်မ ၅၀၅(က)/၁၄၂ဖြင့် ထောင်ဒဏ်(၈)နှစ် အမိန့်ချမှတ်ခံထားရသူ (၆၈)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေး‌ဝင်း၊ မတ်လ ၆ရက်တွင် ပုဒ်မ၅၀၅၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ်အမိန့်ချမှတ်ခံထားရသူ (၆၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးတို့ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးခဲ့သေးသည်။

ယခု ၂၀၂၄အတွင်း အကျဥ်းထောင်အသီးသီး၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ၈ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။