Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် တော်လှန်ရေးရဲဘော်တစ်ဦး ကသည်းသူပုန်အဖွဲ့၏ ချောင်းမြောင်းပစ်ခတ်ခံရပြီးကျဆုံး

KNA(B)ရဲဘော်အား ချောင်းမြောင်းပစ်ခတ်သွားသည့် ကသည်းသူပုန်အဖွဲ့မှာ PLA ကသည်းသူပုန်အဖွဲ့ဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

(စစ်​အာဏာရှင်တိုက်ဖျက်​ရေးတွင် ​ပါဝင်တိုက်ခိုက်​နေ​​သောKNA(B)၏ရဲဘော်၏ နာရေး။ဓါတ်ပုံ -CJ)
(စစ်​အာဏာရှင်တိုက်ဖျက်​ရေးတွင် ​ပါဝင်တိုက်ခိုက်​နေ​​သောKNA(B)၏ရဲဘော်၏ နာရေး။ဓါတ်ပုံ -CJ)

ဇော်ရမ်း/People’s Spring

စစ်ကောင်စီအားတော်လှန်တိုက်ခိုက်နေသည့်ကူကီးအမျိုးသားတပ်မတော် KNA(B)ရဲဘော်တစ်ဦးအား ကသည်းသူပုန်အဖွဲတစ်ဖွဲ့က ယနေ့(​မေ ၁၆) နံနက်အစောပိုင်းတွင် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး သေနတ်ကိုပါ ယူဆောင်ထွက်ပြေးသွားသည်။

ယင်းဖြစ်စဉ်သည် တမူးမြို့နယ်အတွင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်အနီး၌ ယ‌နေ့(မေလ၁၆ရက်) နံနက် ၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” စစ်‌​ေးကို တော်လှန်နေတဲ့ ကူကီးအဖွဲ့ကို လာချောင်းပစ်တာ။ ကသည်းကလာပစ်လို့ သေရတာက တော်တော် လက်မခံနိုင်စရာပါဗျ။ ဒါက လွန်တယ်ဗျ” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ အသက် ၂၄နှစ်အရွယ်ခန့် KNA(B)ရဲဘော်ဖြစ်သည်။ ၎င်း၏ နာရေးကို ယနေ့ အပြီး ပြုလုပ်ခဲ့သည်။

အိန္ဒိယအစိုးရကိုတော်လှန်ပုန်ကန်နေသည့်ကသည်းလက်နက်ကိုင်ဖွဲ့များသည် စစ်​ကောင်စီ၏အကူအညီဖြင့် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ပြီး အဖွဲ့အချို့သည် စစ်ကောင်စီလက်အောက်ခံအဖြစ် လှုပ်ရှားနေကြခြင်းဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ United National Liberation Front-UNLF)၊People’s Liberation Army – PLA)၊ Kangleipak Communist Party – KCP)နှင့်People’s Revolutionary Party of Kangleipak – PREPAK)၊အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။

KNA(B)ရဲဘော်အား ချောင်းမြောင်းပစ်ခတ်သွားသည့် ကသည်းသူပုန်အဖွဲ့မှာ PLA ကသည်းသူပုန်အဖွဲ့ဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“မြို့သစ်မြို့ကို သိမ်းတုန်းကထွက်ပြေးသွားတဲ့PLA ကသည်းအဖွဲ့လို့ ကျနော်တို့သိထားတယ်”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးခရိုင်အတွင်း၌ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ရက်၌ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်မှ ကသည်းသူပုန်အဖွဲ့ပါဝင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၌ KNA(B)ကပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ‌ ခြေလျင်တပ်ရင်း(ခလရ-၂၂၈)၊ရှမ်းနီတပ်- SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀)ခန့်ရှိ မြို့သစ်မြို့မှစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ အပါအဝင် စစ်ကောင်စီဘက်မှ ၂၁ဦးအလံဖြူပြ လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။