Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်

အရှင်ဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြပြီး ကာကွယ်ရေးရဲဘော်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦးအရှင်မိ၊ သေဆုံးသူများ

▪️ခါမ်းပါတ်မြို့ကိုလည်း ထိန်းချုပ်ပြီးဖြစ်၍ တမူးမြို့ပေါ် ရှိစစ်စခန်းသာကျန်ရှိ

သရဖူ/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့မှ စစ်ကောင်စီ​၏ အခိုင်အမာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်ပတ်ခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယ‌နေ့(မေလ ၁၁ရက်)ညနေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးကို အရှင်ဖမ်းမိထားသည်။

“ မြို့သစ်ရပါပြီ။ ၂၁ယောက် အရှင်ဖမ်းမိတယ်။ သေဆုံးတဲ့သူတွေ များတယ်။ ကျန်တဲ့ကောင် တွေထွက်ပြေးသွားတယ်” ဟု ပြည်သူ့ကာကွယ် ရေးထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။

Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်
Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်

မြို့သစ်မြို့သည် တမူးခရိုင်အတွင်း မြို့နယ်ခွဲအဆင့်ရှိမြို့​သေးဖြစ်သည်။ ၂၀၁၄ သန်း​ခေါင်းစာရင်းအရ ၁၆၄၀ ​ကျော်​​နေထိုင်သည်။ မ​ကွေးတိုင်း ၊မ​ကွေးခရိုင်တွင်လည်း အမည်တူ မြို့သစ်မြိုရှိသည်။ မြို့သစ်မြို့မှ စစ်ကောင်စီစခန်းကို တမူးခရိုင်အတွင်းရှိပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလဆန်းတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တစ်ပ္တ်ခန့်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ သိပ်ကို အချက်အချာကျပြီး အခိုင်အမာထိုင်ထားတဲ့ စခန်းကြီးပါ။ ဘေးပတ်ချာလည်မှာ ချိုင့်ဝှမ်းတွေလည်း ရှိတယ်။ ဒီလောက်ကောင်းတဲ့စခန်းကြီးကို PDF တွေစတိုက်တော့ ဖြစ်ပါ့မလားလို့ စိတ်ပူခဲ့တာ။ အခုစခန်းရပြီ” ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော် တစ်ဦးက​ပြောသည်။

အရှင်ဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြပြီး ကာကွယ်ရေးရဲဘော်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ စခန်းနောက်နားက ချောင်းထဲကို ဆင်းပြေးပြီး ထွက်ပြေးဖို့ကြိုးစားသေးတယ်။ ငါမသေ ငါးစခန်းမကျစေရဆိုတဲ့ မင်းအောင်လှိုင်သားတွေ ပြေးတာ မှုန်နေတာပဲ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား
ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား

စစ်ကောင်စီက လေကြောင်းရော လက်နက်ကြီးပါ အသုံးပြု၍ စခန်းမကျရေး ကြိုးစားခဲ့သည်။

သို့သော် PDF ရဲဘော်များက စနစ်တကျထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများကပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေး ရဲဘော်တဦးက မြို့သစ်မြို့ Sold Out ပြီဟု ယနေ့ညနေ အသိပေးထားသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးခရိုင်အတွင်း၌ မြို့သစ်မြို့ နှင့် ခါမ်းပါတ်မြို့တို့ ပါဝင်သည်။ ခါမ်းပါတ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားသည်။

ထို့ကြောင့် တမူးမြို့ပေါ်မှ စစ်ကောင်စီစခန်းသာ ကျန်ရှိတော့သည်။ တမူးမြို့နှင့်ဆက်စပ်နေသော ရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား နှင့်Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – CJ )

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။