Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်

အရှင်ဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြပြီး ကာကွယ်ရေးရဲဘော်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦးအရှင်မိ၊ သေဆုံးသူများ

▪️ခါမ်းပါတ်မြို့ကိုလည်း ထိန်းချုပ်ပြီးဖြစ်၍ တမူးမြို့ပေါ် ရှိစစ်စခန်းသာကျန်ရှိ

သရဖူ/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့မှ စစ်ကောင်စီ​၏ အခိုင်အမာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်ပတ်ခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယ‌နေ့(မေလ ၁၁ရက်)ညနေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးကို အရှင်ဖမ်းမိထားသည်။

“မြို့သစ်ရပါပြီ။ ၂၁ယောက် အရှင်ဖမ်းမိတယ်။ သေဆုံးတဲ့သူတွေ များတယ်။ ကျန်တဲ့ကောင် တွေထွက်ပြေးသွားတယ်”ဟု ပြည်သူ့ကာကွယ် ရေးထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။

Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်
Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်

မြို့သစ်မြို့သည် တမူးခရိုင်အတွင်း မြို့နယ်ခွဲအဆင့်ရှိမြို့​သေးဖြစ်သည်။ ၂၀၁၄ သန်း​ခေါင်းစာရင်းအရ ၁၆၄၀ ​ကျော်​​နေထိုင်သည်။ မ​ကွေးတိုင်း ၊မ​ကွေးခရိုင်တွင်လည်း အမည်တူ မြို့သစ်မြိုရှိသည်။ မြို့သစ်မြို့မှ စစ်ကောင်စီစခန်းကို တမူးခရိုင်အတွင်းရှိပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလဆန်းတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တစ်ပ္တ်ခန့်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သိပ်ကို အချက်အချာကျပြီး အခိုင်အမာထိုင်ထားတဲ့ စခန်းကြီးပါ။ ဘေးပတ်ချာလည်မှာ ချိုင့်ဝှမ်းတွေလည်း ရှိတယ်။ ဒီလောက်ကောင်းတဲ့စခန်းကြီးကို PDF တွေစတိုက်တော့ ဖြစ်ပါ့မလားလို့ စိတ်ပူခဲ့တာ။ အခုစခန်းရပြီ”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော် တစ်ဦးက​ပြောသည်။

အရှင်ဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြပြီး ကာကွယ်ရေးရဲဘော်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“စခန်းနောက်နားက ချောင်းထဲကို ဆင်းပြေးပြီး ထွက်ပြေးဖို့ကြိုးစားသေးတယ်။ ငါမသေ ငါးစခန်းမကျစေရဆိုတဲ့ မင်းအောင်လှိုင်သားတွေ ပြေးတာ မှုန်နေတာပဲ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား
ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား

စစ်ကောင်စီက လေကြောင်းရော လက်နက်ကြီးပါ အသုံးပြု၍ စခန်းမကျရေး ကြိုးစားခဲ့သည်။

သို့သော် PDF ရဲဘော်များက စနစ်တကျထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများကပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေး ရဲဘော်တဦးက မြို့သစ်မြို့ Sold Out ပြီဟု ယနေ့ညနေ အသိပေးထားသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးခရိုင်အတွင်း၌ မြို့သစ်မြို့ နှင့် ခါမ်းပါတ်မြို့တို့ ပါဝင်သည်။ ခါမ်းပါတ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားသည်။

ထို့ကြောင့် တမူးမြို့ပေါ်မှ စစ်ကောင်စီစခန်းသာ ကျန်ရှိတော့သည်။ တမူးမြို့နှင့်ဆက်စပ်နေသော ရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား နှင့်Google Earth တွင် မြို့သစ်မြို့ အနီးဝန်းကျင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – CJ )

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook