Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းနှင့်တမူးကြားရှိ စစ်တပ်လက်​အောက်ခံရှမ်းနီ( SNA ) တပ်စခန်းတစ်ခုကို PDF များသိမ်းပိုက်

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

ဟုမ္မလင်းနှင့် တမူးမြို့နယ်ကြားမှ ရှမ်းနီတပ်ဖွဲ့(SNA )တပ်မဟာ-၈၉၁ (တပ်ရင်း-၂) အင်အား ၆၀ ခန့် တပ်စွဲထားသည့်စခန်းကိုတမူးခရိုင်တပ်ရင်းများနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဒေသအခေါ် ကမ္ဘာလုံး‌စေတီရှိ SNA စစ်ကြောင်းမှူးဝင်းကိုဆိုသူဦးစီးသည့် အဆိုပါစခန်းကို တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်းများနှင့် KNA(B) ပူးပေါင်းအဖွဲ့တို့က ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တွင်အောင်မြင်စွာ သိမ်းပိုက်လိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ယနေ့(ဖေဖော်ဝါရီလ ၂၈ရက်) သတင်းထုတ်ပြန်သည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

ရှမ်းနီတပ်(SNA) သည် စစ်​ကောင်စီလက်​အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကိုင်နှင့် ကချင်ပြည်နယ် အစပ်​ဒေသများတွင် စစ်​ကောင်စီတပ်နှင့် ပူး​ပေါင်း၍ အကြမ်းဖက်မှုများပြုလုပ်ခြင်း​၊တော်လှန်​ရေးအဖွဲ့များကိုတိုက်ခိုက်ခြင်းအားမကြာခဏပြုလုပ်​နေသည်။

စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘာသာ​ရေးကိုအ​ကြောင်းပြု၍ ​ဒေသအတွင်းစစ်​ရေးအရ အ​ရေးပါသည့်​တောင်ကုန်းများတွင် ​စေတီဘုရားများတည်ပြီး တပ်စွဲ အ​ခြေချ​လေ့ရှိ​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။​တော်လှန်​ရေးအဖွဲ့များက စစ်တပ်စခန်းများတိုက်ခိုက်၍ ဘုရား၊​စေတီများထိခိုက်ပျက်စီးလျင်လည်း ဘာသာ သာသနာကိုစော်ကားသည်ဆိုကာဝါဒဖြန့်ချီ​လေ့​ရှိ​ကြောင်း ​တော်လှန်​ရေးတပ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်​ရေးတွင် PDF အထူးလှုပ်ရှား တပ်ရင်းမှလည်း ပိတ်ဆို့ရေးတာဝန် ယူပေးခဲ့သည်ဟု ထုတ်ပြန်ချက်နိုင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်နေရာသို့ ဟုမ္မလင်းမှ Mi-2 တစ်စီးဖြင့်နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ကြားမှ စခန်းအာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟုသတင်းရရှိသည်။

SNAတပ်ထံမှ ၄ ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကာ ရန်သူ့ထံမှ M-22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁‌၇‌၂‌) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခု သိမ်းဆည်းရရှိဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

တမူးမြို့နယ်တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကွပ်ကဲသည့်အောင်ဇေယျစခန်းကိုလည်း ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများနှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်းထံသို့ လက်နက်နှင့် ခဲယမ်းများလာပို့သည့်ကားကိုပါ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် အောင်ဇေယျရွာကြားတနေရာ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်PDF ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီးပစ္စတို ၂ လက်၊ စက်သေနတ် ၃ လက်၊ လက်နက်ငယ်၇ လက်၊ RPG ဗုံးသီး (၁၂) လုံးနှင့် ကျည်မျိုးစုံ ၁၈၀၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက” ဒေသတစ်ခုနဲ့တစ်ခု COC အောက်ကနေ စနစ်တကျ တိုက်ပွဲဖော်ဆောင်နေတယ်။ တိုက်ပွဲတွေက ဆက်စပ်နေပါတယ်။ ဒီလောက်ပဲပြောလို့ရပါမယ်” ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။