Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းနှင့်တမူးကြားရှိ စစ်တပ်လက်​အောက်ခံရှမ်းနီ( SNA ) တပ်စခန်းတစ်ခုကို PDF များသိမ်းပိုက်

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

ဟုမ္မလင်းနှင့် တမူးမြို့နယ်ကြားမှ ရှမ်းနီတပ်ဖွဲ့(SNA )တပ်မဟာ-၈၉၁ (တပ်ရင်း-၂) အင်အား ၆၀ ခန့် တပ်စွဲထားသည့်စခန်းကိုတမူးခရိုင်တပ်ရင်းများနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဒေသအခေါ် ကမ္ဘာလုံး‌စေတီရှိ SNA စစ်ကြောင်းမှူးဝင်းကိုဆိုသူဦးစီးသည့် အဆိုပါစခန်းကို တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်းများနှင့် KNA(B) ပူးပေါင်းအဖွဲ့တို့က ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တွင်အောင်မြင်စွာ သိမ်းပိုက်လိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ယနေ့(ဖေဖော်ဝါရီလ ၂၈ရက်) သတင်းထုတ်ပြန်သည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

ရှမ်းနီတပ်(SNA) သည် စစ်​ကောင်စီလက်​အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကိုင်နှင့် ကချင်ပြည်နယ် အစပ်​ဒေသများတွင် စစ်​ကောင်စီတပ်နှင့် ပူး​ပေါင်း၍ အကြမ်းဖက်မှုများပြုလုပ်ခြင်း​၊တော်လှန်​ရေးအဖွဲ့များကိုတိုက်ခိုက်ခြင်းအားမကြာခဏပြုလုပ်​နေသည်။

စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘာသာ​ရေးကိုအ​ကြောင်းပြု၍ ​ဒေသအတွင်းစစ်​ရေးအရ အ​ရေးပါသည့်​တောင်ကုန်းများတွင် ​စေတီဘုရားများတည်ပြီး တပ်စွဲ အ​ခြေချ​လေ့ရှိ​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။​တော်လှန်​ရေးအဖွဲ့များက စစ်တပ်စခန်းများတိုက်ခိုက်၍ ဘုရား၊​စေတီများထိခိုက်ပျက်စီးလျင်လည်း ဘာသာ သာသနာကိုစော်ကားသည်ဆိုကာဝါဒဖြန့်ချီ​လေ့​ရှိ​ကြောင်း ​တော်လှန်​ရေးတပ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်​ရေးတွင် PDF အထူးလှုပ်ရှား တပ်ရင်းမှလည်း ပိတ်ဆို့ရေးတာဝန် ယူပေးခဲ့သည်ဟု ထုတ်ပြန်ချက်နိုင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်နေရာသို့ ဟုမ္မလင်းမှ Mi-2 တစ်စီးဖြင့်နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ကြားမှ စခန်းအာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟုသတင်းရရှိသည်။

SNAတပ်ထံမှ ၄ ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကာ ရန်သူ့ထံမှ M-22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁‌၇‌၂‌) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခု သိမ်းဆည်းရရှိဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(ရှမ်းနီတပ်-SNA ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် SNA တပ်စွဲခဲ့​သောဘုရား။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

တမူးမြို့နယ်တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကွပ်ကဲသည့်အောင်ဇေယျစခန်းကိုလည်း ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများနှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်းထံသို့ လက်နက်နှင့် ခဲယမ်းများလာပို့သည့်ကားကိုပါ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် အောင်ဇေယျရွာကြားတနေရာ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်PDF ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီးပစ္စတို ၂ လက်၊ စက်သေနတ် ၃ လက်၊ လက်နက်ငယ်၇ လက်၊ RPG ဗုံးသီး (၁၂) လုံးနှင့် ကျည်မျိုးစုံ ၁၈၀၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက” ဒေသတစ်ခုနဲ့တစ်ခု COC အောက်ကနေ စနစ်တကျ တိုက်ပွဲဖော်ဆောင်နေတယ်။ တိုက်ပွဲတွေက ဆက်စပ်နေပါတယ်။ ဒီလောက်ပဲပြောလို့ရပါမယ်” ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။