Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီက နလန်ပြန်ထူနိုင်ရေးကြိုးပမ်းနေ၍ စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်ရန် CNF ဒုဥက္ကဋ္ဌ တိုက်တွန်း

စစ်ကောင်စီ၏ စစ်ရေးအခြေအနေသည် အနယ်နယ်အရပ်ရပ်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်၏ စစ်ကောင်စီကို အထင်သေး၍ မရကြောင်း ပြောပြသည်။

(ချင်းပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chin Laipa)
(ချင်းပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chin Laipa)

ဟန်နွေ/People’s Spring

စစ်ကောင်စီအနေဖြင့်စစ်ရေးပိုင်းအရ အရေးနိမ့်နေသည်မှာ အားလုံးအသိဖြစ်၍ လက်ရှိ အခြေအနေတွင် စစ်ဆင်ရေးများကို တိုးမြှင့် လုပ်ဆောင်ရန်လိုအပ်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရွှေခါရ်းက ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲ၌ အောင်ပွဲရခဲ့သည့် ရဲဘော်များအားကြိုဆိုသည့် အခမ်းအနားကို မေလ ၃၀ရက်က ပြုလုပ်ခဲ့ရာ ဒေါက်တာရွှေခါရ်းက မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်ရေးအခြေအနေသည် အနယ်နယ်အရပ်ရပ်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်၏ စစ်ကောင်စီကို အထင်သေး၍ မရကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

“သူ့မှာလည်း ပြန်ပြီး နလန်ထူဖို့အတွက် လုပ်ဆောင်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ စစ်သားသစ်တွေ စုဆောင်းနေတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ဒီစစ်ဆင်ရေးတွေက ဒီထက် အဆပေါင်းများစွာကို ကျနော်တို့ လုပ်ဖို့ လိုအပ်လာတယ်”ဟုလည်း ဒေါက်တာရွှေခါရ်းက ပြောသည်။

တချို့ လက်နက်ကိုင်အဖွဲ့အစည်းများသည် ရန်သူကို တိုက်ခိုက်နိုင်သည့် အချိန်တွင် မတိုက်ဘဲနေသည်ကို ဝမ်းနည်းကြောင်း ၎င်းကဆိုသည်။

” တချို့လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျနော်တို့ချင်းတွေထဲမှာပဲ မင်းအောင်လှိုင်ကို အထင်သေး အမြင်သေးလာတာလားတော့ မသိဘူး ရန်သူကို တိုက်ခိုက်နုင်တဲ့အချိန်မှာ မတိုက်ခိုက်ဘဲနဲ့ လက်ပိုက်ကြည့်ပြီးတော့ ဒီအတိုင်း ထားနေတဲ့ဟာကိုလည်း ကျနော်တို့ တွေ့ရတယ် ။ အဲဒါကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ ဖြစ်ပါတယ်။ တကယ်လို့ သူ နလန်ပြန်ထူပြီးတော့ တိုက်ခိုက်လာတဲ့ အချိန်မှာ ကိုယ့်ဘက်မှာ အခိုင်အမာ တည်ဆောက်ဖို့ လိုအပ်တယ်”ဟုဒေါက်တာရွှေခါရ်းက ပြောသည်။

ထို့ကြောင့် နယ်မြေအတွင်း ရန်သူကင်းစစ်သည့် နယ်မြေ ဖြစ်စေရေး လုပ်ဆောင်ရန် များစွာ အရေးကြီးသည်ဟု ဆိုသည်။

“ကျနော်တို့ အိမ်တွေယာတွေ ပျက်မှာစိုးလို့ ဆိုပြီးတော့ လုပ်ကြတာတွေရှိတယ်။ တခါတလေကျတော့ ကျနော် ရီလည်း ရီချင်တယ်။ အိမ်တွေ ယာတွေ ပျက် သွားတဲ့ဟာကိုအပြစ်ဖို့တာ ဖျက်ဆီးတဲ့ ကောင်ကို မပြစ်မဖို့ဘဲနဲ့ ဒီကောင်တွေ ဖျက်ဆီးတဲ့ ကောင်တွေကို သွားတိုက်တဲ့ဟာတွေကို အပြစ်ဖို့တဲ့ ဟာတွေကိုလည်း ရီရမလား ငိုရမလား မသိတော့ဘူး။ အဲဒါလည်း စဉ်းစားစရာဖြစ်နေတယ်” ဟုလည်း ဒေါက်တာရွှေခါရ်းက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ တပ်စခန်းများ တပ်ရင်းဌာနချုပ်များ တိုက်ခိုက်ခံရပါက တိုက်ခိုက်ခံရသည့် ဒေသရှိအရပ်သား ပြည်သူများနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုများ၊ နေအိမ်မီးရှို့မှုများလုပ်ဆောင်လျက်ရှိသည်။ ယခု မေလကုန်ပိုင်းက ချင်းပြည်နယ် တီးတိန်မြို့ကို ချင်းညီနောင်က တိုက်ခိုက်ရာ စစ်ကောင်စီကမြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ ထိုးစစ်ဆင်မှုကို ရပ်နားထားရသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။