Connect with us

Hi, what are you looking for?

သတင်း

တရုတ်တောင်းဆိုချက်အရ ဇူလိုင်လကုန်အထိ MNDAA အပစ်ရပ်ဟု​ကြေညာ

တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ရက်မှ ဇူလိုင် ၃၁ရက်အထိ ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် MNDAA အောက်ခြေတပ်များအား ညွှန်ကြားချက်ထုတ်ပြန်သည်။

လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် အခြေအနေတွင် ထိုးစစ်ဆင်မှု ဆက်မလုပ်ဘဲ ခုခံစစ်သာ ပြင်ထားရန်ဟု MNDAAအသိပေး

ဟန်နွေ/People’s Spring

တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ရက်မှ ဇူလိုင် ၃၁ရက်အထိ ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် MNDAA အောက်ခြေတပ်များအား ညွှန်ကြားချက်ထုတ်ပြန်သည်။

တရုတ်ဘာသာဖြင့်ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်ကို ဗမာပြန် ဖော်ပြထားမှုများတွေ့ရပြီး တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများ ရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာ တု့န်ပြန်ခြင်းဖြစ်သည်ဟု စာတွင်ပါရှိသည်။

ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် ညွှန်ကြားထားသော်လည်းလေကြောင်းရန် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်မှုများ သင့်သလို ပြုလုပ်နိုင်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃ရက်မှစ၍ လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် MNDAAသည် ဇူလိုင် ၁၄ရက်ကလည်း တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရဟုဆိုကာ ၄ရက် သက်တမ်းရှိ အပစ်ရပ်စဲရေးပြုလုပ်ခဲ့သည်။

သို့ရာတွင် တိုက်ပွဲများ အမှန်တကယ်ရပ်စဲခြင်းမရှိဘဲ မြေပြင်တွင် တိုက်ခိုက်မှုများဆက်ရှိနေသကဲ့သို့ စစ်ကောင်စီက တိုက်ပွဲဖြစ်ရာသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

MNDAAသည် ၄ရက်ကြာအပစ်ရပ်ထားသည့် ကာလအတွင်း၌ပင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို သိမ်းပိုက်နိုင်ပြီး ဇူလိုင် ၁၈ရက်ညပိုင်းတွင် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည်အထိ စစ်ရေး အောင်မြင်မှုရရှိထားသည်။

တိုက်ပွဲသတင်း တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း MNDAAနှင့် မဟာမိတ်များသည် စစ်ကောင်စီတပ်စခန်းအချို့ သိမ်းရထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။

ယမန်နေ့တွင် လားရှိုးမြို့အဝင် ခလရ(၄၁) တပ်ရင်းအနီး တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း။ MNDAA တပ်များ လားရှိုးမြို့သို့ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့နှင့် ဒေသခံတို့က အသိပေးထားသည်။

သို့​သော် စစ်​ကောင်စီ ဝါဒဖြန့်တယ်လီဂရန်များကမူ MNDAA အပါအဝင် ​မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် PDF များသည် ခဲယမ်းမပို့နိုင်သဖြင့် အချိန်ဆွဲရန် ​ကြေညာ​နေခြင်းဖြစ်ပြီး ယခုအချိန်တွင် စစ်​ကောင်စီတပ်က ဖိတိုက်ရန် လှုံ့​ဆော်​ရေးသား​နေကြသည်ကို​တွေ့ရသည်။

(လားရှိုးမြို့ စစ်ဘေးရှောင်များအား MNDAA ရဲဘော်များက ကူညီပေးနေစဉ်။ ဓာတ်ပုံ – The Kokang)

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။