Connect with us

Hi, what are you looking for?

သတင်း

လားရှိုးအခြေစိုက် ခလရ(၄၁)နှင့် ခလရ(၆၈) တပ်ရင်းကို MNDAA ပူးပေါင်းတပ်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ​၏ ခလရ(၄၁)တပ်ရင်းနှင့် ခလရ(၆၈)တပ်ရင်းများကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။

တိုက်ပွဲများမှာ လားရှိုးမြို့အတွင်း ​ရောက်လာပြီး ​ထောင်အနီးတဝိုက်၌ တိုက်ပွဲပြင်းထန်​နေဟု​ဒေသခံ​ပြော

ဟန်နွေ ၊ မိထက် /People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ​၏ ခလရ(၄၁)တပ်ရင်းနှင့် ခလရ(၆၈)တပ်ရင်းများကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။

အဆိုပါ တပ်ရင်းဌာနချုပ် နှစ်ခုလုံးကို MNDAAက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင် ၂၃ရက်)မွန်းလွဲပိုင်းတွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ လားရှိုးဒေသ သတင်းရင်းမြစ်အား ဆက်သွယ်မေးမြန်းရာ ဒေသ သတင်းရင်းမြစ်က ” ၄၁နဲ့ ၆၈ ဒီနေ့ (ဇူလိုင် ၂၃) မနက် ကတည်းက ကျပြီတဲ့ ။ စကစက မြို့တော်ခန်းမမှာ ခံစစ်ပြင်ထားတယ်ကြားပါတယ်”ဟု ဖြေကြားသည်။

စစ်ကောင်စီတပ်များက တပ်ရင်းများမှ မြို့တွင်းသို့ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ တပ်ရင်းများ ကျသွားသော်လည်း လားရှိုးမြို့တွင် စစ်ကောင်စီ၏ အခြားတပ်ရင်းများစွာ ကျန်နေသေးသည်ဟု ပြောသည်။

“ မြို့ပတ်ပတ်လည်ရှိပါတယ်။ ဒီတပ်တွေက (ခလရ -၄၁နှင့် ၆၈ တပ်ရင်း) မြို့ပြင်ဘက်မှာပါ။ မြို့လည်မှာကျတော့ တိုင်းစစ်ဌာနချုပ် ရှိတယ်။ အမြောက်တပ်ရှိတယ်။ ထောက်ပို့တပ်ရှိတယ်။ စိုက်ပျိုးရေးတပ်ဆိုတာ ရှိသေးတယ်ဒီတပ်တွေက တိုင်းစစ်ဌာနချုပ်နဲ့ ရှီနေပါတယ်။ ၄၁နဲ့ ၆၈ တပ်က မူဆယ်ကိုထွက်တဲ့ ဘက်ကပါ။ အခု တိုက်ပွဲဖြစ်နေတာက လားရှိုးမြို့ပတ်ပတ်လည် ဖြစ်နေပါတယ်။ စက်ဝိုင်းပုံစံပါ”ဟု လားရှိုးမြို့ဒေသ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် အထိနာနေ၍ လားရှိုးကို လေကြောင်း တိုက်ခိုက်မှု ပိုပြုလုပ်လာနိုင်ကြောင်းလည်း ဒေသခံက ပြောသည်။

လားရှိုးအခြေစိုက် ခလရ(၄၁)နှင့် ခလရ(၆၈) တပ်ရင်းကို MNDAA ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – File Photo

“လားရှိုးတိုက်ပွဲက မြို့ထဲကို ရောက်နေပါပြီ။ ထောင်တဝိုက်မှာ အပြင်းအထန်ဖြစ်နေတာပါ။ ကိုးကန့်တပ်က စစ်ရေးအရှိန်မြှင့်ပြီး ချနေပုံရတယ်။ ရမခ( ‌အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်)ကို ဝင်ဆော်မယ်ထင်တယ်။ ဆက်တိုက် သိမ်းလိမ့်မယ်” ဟု ​ဒေသခံတစ်ဦးကပြောသည်။

လားရှိုးမြို့မှစစ်ကောင်စီစခန်းများကို MNDAAက ထပ်မံတိုက်ခိုက်သိမ်းပိုက်သည်သတင်းများထွက်ပေါ်လာပြီးနောက် လားရှိုးမြို့မှ စစ်တပ်မိသားစုဝင်များနှင့် စစ်တပ်ထောက်ခံသူများကိုယ်တိုင်က အာဏာသိမ်းခေါင်းဆောင်ကို ဆဲဆိုနေကြသည်။

” သူလည်း သူလိုချင်တဲ့ ရာထူး(သမ္မတ)ရာထူးရသွားပြီ။ သူ့ကို တချိန်လုံး‌ေထာက်ခံလာတဲ့လူတွေလည်း အကုန် ဒုက္ခရောက်ကုန်ပြီး။ တော်တော်လေး ဂြိုလ်မွှေတဲ့ လူ”ဟု လားရှိုးမြို့မှ စစ်တပ်ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်၌ရေးသားထားသည်။

MNDAA နှင့်မဟာမိတ်တပ်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲကို ဇူလိုင် ၃ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့နှင့် တပ်စခန်းအချို့ကို MNDAA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။

ဇူလိုင် ၁၄ရက်တွင် တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ ဟုဆိုကာ MNDAAက ၄ရက်ကြာ အပစ်ရပ်ကြေညာမှု လုပ်ခဲ့သော်လည်း တိုက်ပွဲဆက်ဖြစ်ခဲ့သည်။ ဇူလိုင် ၁၉ရက်တွင်လည်း တရုတ်နိုင်ငံက တောင်းဆို၍ဟုဆိုကာ လကုန်ပိုင်းအထိ ၁၃ရက်ကြာ အပစ်ပ်စဲရေး ညွှန်ကြားမှုကို MNDAAက ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို ထပ်မံသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။