Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ အကျဉ်းထောင်ပွင့်ခြင်းမရှိသေးဟု ဒေသခံပြော

လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်ကတည်းက စတင်ထိုးစစ်ဆင်လျက်ရှိရာ သုံးပတ်ကြာသည်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ရင်းအချို့ကို MNDAAက သိမ်းယူထားသည်။

လားရှိုးမြို့ သုံးထောင့်အောက်နား၌ ဇူလိုင် ၁၁ ရက်ညနေက လက်နက်ကြီးကျပေါက်ကွဲစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့(ဇူလိုင် ၂၄ရက်) နံနက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း လားရှိုးဒေသခံက ပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်ကတည်းက စတင်ထိုးစစ်ဆင်လျက်ရှိရာ သုံးပတ်ကြာသည်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ရင်းအချို့ကို MNDAAက သိမ်းယူထားသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့လည်း တိုက်ပွဲဖြစ်နေတုန်းပါ။ ရပ်ကွက် (၇၊၈)အထိ ကိုးကန့်တွေရောက်နေပြီလို့ ကြားတယ်”ဟု ဒေသခံက ပြောသည်။

မြို့ခံအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြကြောင်းလည်း ဒေသခံက ပြောသည်။

ယမန်နေ့တွင် လားရှိုးအကျဉ်းထောင်ပွင့်ပြီး အကျဉ်းသူ၊ အကျဉ်းသားများလွတ်မြောက်သည်ဆိုသည့် ရေးသားမှုများ လူမှုကွန်ရက်၌ ပြန့်နှံ့နေခြင်းနှင့်ပတ်သက်ပြီး လားရှိုးဒေသခံက ” ဒီကနေ့အထိတော့ မပွင့်(ထောင်မပွင့်)သေးပါဘူး”ဟု ဇူလိုင် ၂၄ရက် နံနက်တွင် ပြောသည်။

လားရှိုးမြို့ အခြေအနေများ နေ့စဉ်အသိပေးလေ့ရှိသည့် ဒေသခံတစ်ဦးကလည်း ယနေ့နံနက်မှစ၍ ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရပ်ကွက်(၄) အမှတ်(၁၉)ကျောင်းဘက်၊ ရပ်ကွက်(၁) ရန်တိုင်းအောင်အနောက်ဘက်၊ အေးချမ်းသာယာဓမ္မာရုံအနောက်ဘက်နှင့် ရဲဘော်ဟောင်းဘက် ပစ်နေသည်ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

အဆိုပါဒေသခံသည် စစ်ရှောင်များ ကူညီရေးဆောင်ရွက်နေသူဖြစ်ပြီး မြို့နယ်လဝကရုံးအောက်ဘက်ရှိ စစ်ဘေးရှောင်များအတွက် ဆန်သယ်ယူရန် ဆောင်ရွက်စဉ် ပစ်ခတ်မှုများရှိနေ၍ ပြန်လှည့်ခဲ့ရသည်ဟုလည်း အသိပေးထားသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရင်း ခလရ(၄၁)နှင့် ခလရ(၆၈)တို့ကို ကိုးကန့်တပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံတို့က ပြောကြားထားသည်။

ထို့ပြင် လားရှိုးမြို့တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။