Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်တွေ ပတ်သက်မှု မရှိအောင် Task Force ဖွဲ့စည်း စောင့်ကြည့်မယ်လို့ဆို

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာမှာ ထိုင်းဘဏ်တချို့ဟာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်အောင် အားပေးအားမြှောက် ဖြစ်စေမယ့် စစ်လက်နက် ဝယ်ယူမှုတွေအတွက် ဝန်ဆောင်မှု ပေးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ် လက်နက်ဝယ်ယူရေးအတွက် ချောမွေ့စေမယ့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနဲ့ ငွေပေးချေမှု လမ်းကြောင်းတွေကို စောင့်ကြည့်မယ့် အထူးအဖွဲ့ (task force) တစ်ခုကို ထိုင်းအစိုးရက ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာမှာ ထိုင်းဘဏ်တချို့ဟာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်အောင် အားပေးအားမြှောက် ဖြစ်စေမယ့် စစ်လက်နက် ဝယ်ယူမှုတွေအတွက် ဝန်ဆောင်မှု ပေးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အဲဒီကိစ္စဟာ ထိုင်းနိုင်ငံရေး နယ်ပယ်မှာ အတော်ကြီး ဂယက်ရိုက်ခဲ့ပြီး အစိုးရ အနေနဲ့ မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှု လမ်းကြောင်းတွေကို ကန့်သတ်ဖို့ ဘဏ်တွေအပေါ် ပိုမိုတင်းကျပ်သင့်ကြောင်း တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဘဏ္ဍာရေး ဝန်ကြီးဌာနက အစိုးရဟာ နိုင်ငံရဲ့ စီးပွားရေးဘဏ်တွေ၊ အစိုးရပိုင် ငွေကြေး စီမံခန့်ခွဲမှု ဌာနတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ထိုင်းဘဏ်တွေရဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို အသုံးချပြီး မြန်မာစစ်တပ်က လက်နက်နဲ့ တခြားစစ်သုံး ပစ္စည်းတွေ ဝယ်ယူတာမျိုး မလုပ်နိုင်အောင် ကန့်သတ်လို့ရမယ့် အစီအမံတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခု task force အသစ်ကိုတော့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ရုံးတို့က ပူးပေါင်း ဖွဲ့စည်းမှာဖြစ်ပြီး ထိုင်းဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်သွားမှာပါ။ အဲဒီစောင့်ကြည့်မှု ရလဒ်တွေကို အခြေခံပြီး ထိုင်းဘဏ္ဍာရေး အစုအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ထိရောက်မှုတွေကို မြှင့်တင်ပေးနိုင်မယ့် စည်းမျဉ်းတွေ လိုအပ်သလို ချဲ့ထွင်သွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတဲ့နောက် ထိုင်းလွှတ်တော်က ထိုင်းဘဏ်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကြားနာမှု အစီအစဉ်မှာ ထိုင်းဘဏ်တွေဖက်က သူတို့ဟာ ငွေကြေးလွှဲပြောင်းမှု အားလုံးရဲ့ ရည်ရွယ်ချက်ကို စောင့်ကြည့်နိုင်စွမ်း မရှိတာကြောင့် လက်နက်ဝယ်ယူရေးအတွက် ဟုတ်မဟုတ်ဆိုတာ တိတိကျကျ မသိနိုင်ခဲ့ကြောင်း ဖြေရှင်းချက် ပေးခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာတော့ ထိုင်းအခြေစိုက် ကုမ္ပဏီတွေဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၁၂၀ ဖိုး တင်ပို့ရောင်းချဖို့ ထိုင်းဘဏ်တွေရဲ့ အကူအညီကို ရယူခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမတိုင်ခင် နှစ်တုန်းက အလားတူ ရည်ရွယ်ချက်အတွက် ငွေကြေးလွှဲပြောင်းမှု ပမာဏဟာ ဒေါ်လာ သန်း ၆၀ ဖိုးသာ ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။