Connect with us

Hi, what are you looking for?

သတင်း

ဘားအံ – မြဝတီလမ်းပိုင်းက တံတားတစင်း မိုးကြီးပြီး ရေတိုက်စားကာပျက်စီး

နောင်ခွီးတံတားဟာ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်ခွဲ ထဲမှာရှိတာဖြစ်ပြီး တံတားရဲ့ ချဉ်းကပ်လမ်းပိုင်း ရေတိုက်စားပြီး မြေပြိုသွားတာပါ။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် မှာမိုးကြီးပြီး တောင်ကျရေကြောင့် ဘားအံ – ထို့ကော်ကိုး – မြဝတီလမ်းပိုင်းမှာရှိတဲ့ နောင်ခွီးတံတား ဒီမနက်ပိုင်းမှာ ရေတိုက်စားပြီး ပျက်စီးသွားလို့ အဲဒီလမ်းပိုင်းကို အသုံးပြုလို့ မရတော့ဘူးလို့ ဒေသခံတွေထံကသိရပါတယ်။

နောင်ခွီးတံတားဟာ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်ခွဲ ထဲမှာရှိတာဖြစ်ပြီး တံတားရဲ့ ချဉ်းကပ်လမ်းပိုင်း ရေတိုက်စားပြီး မြေပြိုသွားတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဘားအံကနေ မြဝတီကိုသွားမယ်ဆိုရင် ဘားအံ – ထို့ကော်ကိုး – မြဝတီလမ်းပိုင်းကို သုံးမရ တော့ဘဲ ဘားအံ – ကျုံဒိုး – နဘူး – ထို့ကော်ကိုး လမ်းပိုင်းကပဲသွားလာလို့ရတယ်လို့ ဒေသခံက ပြောပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာလည်း ကျုံးဒိုးမြို့ က ကျုံဒိုးချောင်းဖျားမှာ ရေကြီးနေတာကြောင့် လမ်းပိုင်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ် ။

အလားတူပါပဲ မြဝတီ – ထို့ကော်ကိုး တောင်ပေါ် လမ်းမှာလည်း မိုးအဆက်မပြတ်ရွာပြီး တောင်ကျ ရေ တွေ စီးဆင်းနေတာကြောင့် မြေပြိုမှုတွေဖြစ်ပေါ်နေတယ်လို့ ကရင်ငြိမ်းချမ်းကောင်စီတပ်ဖွဲ့ အရာရှိတစ်ဦးက အသိပေးထားပါတယ် ။

“လမ်းတစ်ခုလုံး ပိတ်သွားသည့်အထိ ပြိုကျသွားတာဖြစ်သည့်အတွက် ကားများ အသွားအလာ ပြုလို့မရတော့ပါ” လို့ အဲဒီအရာရှိက အသိပေးထားတာပါ။

မြဝတီ – ထို့ကော်ကိုး တောင်ပေါ် လမ်းပိုင်းကို ထိုင်း – မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီး တိုက်ပွဲတွေကြောင့် ပိတ်ထားချိန်မှာ အဓိကထားအသုံးပြုနေရတာပါ။

အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ်မှာ မိုးသည်းပြီး သံလွင်မြစ် ၊ လှိုင်းဘွဲ့ မြစ် ၊ ဟောင်သရောမြစ် တို့မှာမြစ်ရေကြီး နေတာကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကျုံဒိုး၊ ပိုင်ကျုံ၊ ကျိုက်ဒုံ မြို့တွေမှာ ရေကြီးရေလျှံမှု တွေ ဖြစ်နေပါတယ် ။

ဒီမနက်မှာဆိုရင် ကျိုက်ဒုံမြို့မှာ ဟောင်သရောမြစ်ရေ တက်လာလို့ မြို့ ပေါ် ရပ်ကွက်တွေ မှာ ရေနစ်မြှုပ်မှုတွေ ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်မြို့တော် ဘားအံမှာဆိုရင်လည်း သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၁ ပေခွဲခန့် ကျော်လွန်နေပြီဖြစ်လို့ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုကြဖို့ စစ်ကောင်စီ လက်အောက်ခံ မိုးဇလက သတိပေးထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။