Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေး အားပေးထောက်ခံသည့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး (ပ+ဒု)နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား အလေးအနက် ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် သုံးဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် သပိတ်အဖွဲ့အစည်းများ ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေး (ပ+ဒု)နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား အလေးအနက် ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)ကိုးကန့် တပ်မတော် (MNDAA)ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် သုံးဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသူများနှင့် ညီနောင်သုံးဖွဲ့အား ထောက်ခံကြောင်းပြသသည့် ဆန္ဒထုတ်ဖော်မှု မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် သပိတ်အဖွဲ့အစည်းများ ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယနေ့အထိ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တော်လှန်ရေးကို စဉ်ဆက်မပြတ် ဝိုင်းရံပေးနေကြသော ရဲရင့်သည့် မြန်မာပြည်သူ တစ်ရပ်လုံး၏ တော်လှန်စိတ်ဓာတ်ကို ညီနောင် မဟာမိတ်သုံးဖွဲ့မှ အလေးနက်ထား ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်သည်။

ကြံ့ကြံ့ခံသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၁၀၂၇စစ်ဆင်ရေးပထမပိုင်းကို ၂၀၂၃ အောက်တိုဘာ ၂၇တွင် စတင်ခဲ့ရာ ရှမ်းမြောက်ရှိ မြိုအများအပြားနှင့် စစ်ကောင်စီတပ်စခန်းရာချီကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ရက္ခိုင့်ဒေသ စစ်ဆင်ရေးကိုလည်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင်စတင်ခဲ့ရာ ရက္ခိင်ပြည်နယ်ရှိ မြို့နယ် ၉ခုနှင့် ချင်းပြည်နယ် ပလက်၀ကို AAက သိမ်းပိုက်ထားသည်။

၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံသည့် သပိတ်အဖွဲ့အစည်းများ ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဇွန်လ ၂၅ရက် တွင် ပြန်လည်စတင်ခဲ့ရာ TNLAနှင့်မဟာမိတ်တပ်များက နောင်ချို၊ မိုးကုတ်မြို့တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ကျောက်မဲ၊ မိုးမိတ်မြို့များကို သိမ်းပိုက်နိုင်ရန် ဆက်လက် တိုက်ခိုက်လျက်ရှိသည်။ လားရှိုးမြို့ကိုလည်း ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်များက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကြေညာကာ တပ်စခန်းတစ်ခုပြီး တစ်ခုကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်ဆက်စပ်ပြီး မန္တလေးတိုင်း စဉ့်ကူး ၊ မတ္တရာမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိရာ စဉ့်ကူးကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ဟု MDY PDFက ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။