Connect with us

Hi, what are you looking for?

သတင်း

လားရှိုးသို့ စစ်ကူသွား​သော စစ်​တပ်ယာဥ်တန်းကို MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က ဖြတ်တိုက်၊ ကား ၈ စီးလုံးပြာကျ

စစ်​ကောင်စီတပ်သား ၃၀ ​ကျော်​သေဆုံးကာ ၅၀ ထက်မနည်းဒဏ်ရာရ

စစ်​ကောင်စီတပ် စစ်ကူယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- CJ

သရဖူ/People’s Spring

တန့်ယန်းမှ လားရှိုးမြို့သို့ စစ်ကူလာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်မတော်( MNDAA) ၊ BPLA နှင့် ပူး​ပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံးမီး​လောင် ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးကာ ၅၀ ထက်မနည်း ဒဏ်ရာရသွား​ကြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာကြားတွင် MNDAA နှင့် BPLA ပူးပေါင်းတပ်က ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် သုံးနာရီခန့်တွင် တိုက်ခိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“တန့်ယန်းကနေ လားရှိုးကို စစ်ကူသွားတဲ့ စစ်ခွေးတွေ MNDAA နဲ့ BPLA က လမ်းတဝက်မှာစောင့်ပြီး တီးထည့်လိုက်တာ။ ၃၀ ကျော်သေ ၅၀ကျော်ဒဏ်ရာရ။ကား၈စီး စလုံးပြာကျတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

People’s Spring က ရရှိသည့် ဓာတ်ပုံမှတ်တမ်းများတွင် ပျက်စီးနေသည့် စစ်ကားများပေါ်၌ ကိုးရို့ကားယားသေဆုံးနေ​သောစစ်ကောက်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရသည်။

“တိုက်ခိုက်ခံရပြီး ယာဉ်တန်းတစ်တန်းလို့ ပြတ်တောက်သွားတာမှန်ပါတယ် “ဟု အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့ UWSA က တပ်စွဲထားသလို စစ်ကောင်စီကလည်း တပ်စွဲထားသည်။ ယခုတိုက်ခိုက်ခံရသည့် ယာဉ်တန်းသည် တန့်ယန်းမြို့မှ ထွက်လာသည့် ယာဉ်တန်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုက်လ ၂၀ရက်ပတ်ဝန်းကျင်ကလည်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား​သေဆုံးကာစစ်ကြောင်းပျက်ကာ ပြန်လည်ထွက်ပြေးသွားခဲ့ရသည်။

လားရှိုးမြို့ ရှိစစ်​ကောင်စီတပ်စခန်း များကို MNDAA ဦး​ဆောင်​​သောပူး​ပေါင်းတပ်များက ဆက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်​နေသည်။ စစ်​ကောင်စီတပ်စခန်းနှင့် တပ်ရင်း​ပေါင်း ၂၀ ခန့်ကိုသိမ်းပိုက်ပြီးဖြစ်သည်။ထို​နောက်စစ်​ကောင်စီက တန့်ယန်းမှ တဆင့်စစ်ကူပို့ရန် ကြိုးစားလာခြင်းဖြစ်သည်။

မိတ္ထီလာ- တောင်ကြီး -ကျေးသီး -တန့်ယန်းလမ်းအတိုင်း စစ်​ကောင်စီတပ်ကစစ်ကူပို့ရန်ကြိုးပမ်းလာပြီး ပူ​ပေါင်းတပ်များက ဖြတ်​တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။