Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်သေဆုံးဟုဆို

ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

​ကော်ဘရာစစ်​ကြောင်းက စစ်တပ်၏ Eurocopter ရဟတ်ယာဉ်ကို ၂၀၂၄ ဇန်နဝါရီ ၂၉ရက်က ပစ်ချခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-မြေပြင်သတင်းရင်းမြစ်

ယောနသံ/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျပြီး တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး သေဆုံးပြီးအမျိုးသမီးလေယာဥ်မှူးနှင့် စက်မှူအကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း People’s Spring ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ်မှာ ဗိုလ်ချုပ်စိုးတင်လတ်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။

မှော်ဘီလေတပ်​၏ ရဟတ်ယာဉ်ကွင်းအတွင်း ပျက်ကျခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သတင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေသည်ဟု မှော်ဘီမြို့ခံချို့က ပြောသည်။

အာဏာသိန်းအုပ်စုလက်အောက်ခံတယ်လီဂရမ်ချန်နယ်အချို့က မှော်ဘီမြို့၌ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦးသေဆုံးကြောင်း ရေးသားနေကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ