Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီဖမ်းထားသည့် ပြည်သူတစ်ဦးကို MNDAA ကယ်တင်

ရှေ့တန်းတပ်များက ကယ်ဆယ်ခဲ့သည့် အဆိုပါ အမျိုးသားမှာ (၂၄)နှစ်အရွယ်ဇော်မျိုးအောင် ဆိုသူ ဖြစ်ပြီး လားရှိုးမြို့၌ ပန်းရံလုပ်​နေသူဖြစ်ကြောင်း၊ ၎င်းကို ချင်းရွှေဟော်ဆေးရုံသို့ ဆက်လက်​ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထားမြတ်/People’s Spring

ရှမ်းမြောက်ရှိ လားရှိုးမြို့၌ တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတပ်များက စစ်ကောင်စီ၏ အမာခံနယ်မြေကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသော ပြည်သူတစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ထုတ်ပြန်သည်။

ရှေ့တန်းတပ်များက ကယ်ဆယ်ခဲ့သည့် အဆိုပါ အမျိုးသားမှာ (၂၄)နှစ်အရွယ်ဇော်မျိုးအောင် ဆိုသူ ဖြစ်ပြီး လားရှိုးမြို့၌ ပန်းရံလုပ်​နေသူဖြစ်ကြောင်း၊ ၎င်းကို ချင်းရွှေဟော်ဆေးရုံသို့ ဆက်လက်​ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၆ ရက်တွင် ဇော်မျိုးအောင်နှင့် ၎င်း၏ သူငယ်ချင်းတို့သည် စစ်ဘေးသင့်ဒုက္ခသည်များအား လိုအပ်သည်များ ဆန်ဆီဖြန့်ဝေရန် ထွက်လာစဉ် လားရှိုးမြို့ မိုးလုံလေလုံလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းထားသူများကို စစ်ကောင်စီတပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သံသယရှိကာ စစ်ဆေးမေးမြန်းစဉ် ပါးစပ်ကို ဓားဖြင့် လှီးဖြတ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှက်မှုရှိခဲ့ပြီး ဇော်မျိုးအောင်၏ သူငယ်ချင်း အိုက်လာသည် စစ်ကောင်စီတပ်၏ ညှင်းပမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

ကျန်နေသူ ဗမာလူမျိုးဖြစ်​သောဇော်မျိုးအောင်ကိုလည်း အာဏာသိမ်းစစ်တပ်က အကြိမ်ကြိမ်စစ်မေးခဲ့ရာအရပ်သား ဖြစ်ကြောင်း ဖြေကြားခဲ့၍ စစ်ကောင်စီက ၎င်းအား အကျဉ်းချထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် MNDAAနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များထွက်ပြေးစဉ် ဇော်မျိုးအောင်ကို ချန်ထားခဲ့၍ မဟာမိတ်တပ်များက ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။