Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၇၆ မြို့

TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​ကျောက်မဲမြို့မှာ​နောက်ဆုံးကျန်တဲ့ စစ်ဆင်​ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁ ၊ အမှတ် ၅၀၁၊ ၅၀၂ ​ခြေမြန်တပ်ရင်း​တွေကို သြဂုတ်လ ၅ ရက်ည ၁၀ နာရီ​ကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​ကျောက်မဲမြို့မှာ​နောက်ဆုံးကျန်တဲ့ စစ်ဆင်​ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁ ၊ အမှတ် ၅၀၁၊ ၅၀၂ ​ခြေမြန်တပ်ရင်း​တွေကို သြဂုတ်လ ၅ ရက်ည ၁၀ နာရီ​ကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ​ကြောင့် ​ကျောက်မဲမြို့ နဲ့​ကျောက်မဲမြို့နယ်ဟာစစ်​ကောင်တပ်ကင်းစင်သွားပါပြီ ။ ​တော်လှန်​ရေးတပ်​တွေက ကျောက်မဲမြို့ အပါအဝင်​သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၆ မြို့အထိရှိလာပြီဖြစ်ပါတယ် ။ ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားပြီး​ပေမယ့် သတင်းမထုတ်ပြန်​သေးတဲ့အတွက်အခု စာရင်းမှာမပါ​သေးတဲ့မြို့​တွေ ကျန်ရှိနိုင်ပါ​သေးတယ် ။

စစ်​ကောင်စီတပ်က ဆုံးရှုံးထားရတဲ့မြို့​တွေထဲက ​နောင်ချိုမြို့နယ်ထဲကို စစ်​ကြောင်းထိုးလို့ တိုက်ပွဲ​တွေဆက်တိုက်ပြန်ဖြစ်​နေသလို ​တော်လှန်​ရေးတပ်​တွေကလည်း ​နောင်ချိုမြို့နယ်ကိုရှမ်း​တောင်ဘက်ကစစ်ကူလာတဲ့လမ်း​ကြောင်း​တွေကို ဖြတ်​တောက်နိုင်ဖို့ ရှမ်း​တောင်ကိုပါဦးတည်တဲ့စစ်ဆင်​ရေးစလုပ်လာပြီဖြစ်ပါတယ် ။ ဒါအပြင် အာရက္ခတပ်​တော်ကလည်း ​မောင်​တော နဲ့ သံတွဲ မြို့နယ်​တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်စစ်တပ်စခန်း​တွေကိုအပြင်းအထန်ထိုးစစ်ဆင်​နေပါတယ်။

ချင်းပြည်နယ်မှာလည်း CNA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေဟာ ထန်တလန်မြို့ကိုသိမ်းပိုက်နိုင်ဖို့ မြို့ထဲမှာ​နောက်ဆုံးကျန်တဲ့စစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော