Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် တပ်မကုန်းကာကွယ်ရန် စစ်ကောင်စီကဘုန်းကြီးကျောင်းနှင့် ကျောက်စိမ်းလုပ်ကွက်များတွင် နေရာယူအင်အားဖြည့်

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖားကန့်ရှိ ကျောက်လုပ်ကွက်တနေရာတွင် မှော်လှည့်သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၉) ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်မြို့ စစ်ကောင်စီ​၏ စခန်းလုံခြုံရေးအတွက် အရေးပါသည့် လမောင်ကုန်းနှင့်တောမော် စစ်ကောင်စီတပ်စခန်းများကို ဩဂုတ် ၁၅ရက်ကသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့အတွင်း စစ်ရေးလှုပ်ရှားလာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့အတွင်းရှိ စစ်ကောင်စီတပ်သည် မနမှော်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက် များ၌ နေရာယူ စစ်အင်အားဖြည့်တင်းနေ သကဲ့သို့ ဘုန်းကြီးကျောင်းအချို့တွင်လည်း နေရာယူ တပ်စွဲထားဟု KIAက အသိပေးသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းလာ၍ ပြည်သူများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ လုံခြုံရာသို့ထွက်ပြေးမှုများရှိနေကြောင်း၊ ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ် လှုပ်ရှားလာခြင်းသည် ဖားကန့် တပ်မကုန်းကို ကာကွယ်သည့်သဘောဖြစ်သည်ဟု သိရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်မြို့၌ တိုက်ပွဲဆက်ဖြစ်မည်၊ မဖြစ်မည်ကို မပြောနိုင်သော်လည်း KIA ပူးပေါင်းတပ်က သိမ်းရထားသည့် လမောင်ကုန်းနှင့် တောမော်စခန်းများသည် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းများ လုံခြုံရေးအတွက် အရေးပါသည့် စခန်းများဖြစ်ကြောင်း ယမန်နေ့(ဩဂုတ် ၁၆ရက်)တွင် ပြောထားသည်။

အဆိုပါ တပ်စခန်းများသိမ်းပိုက်စဉ် စစ်သုံ့ပမ်း ဖမ်းဆီးရရှိမှု ရှိခဲ့သည်ဟုလည်းအတည်ပြုသည်။

စစ်ကောင်စီ ဝါဒဖြန်သူအချို့ကလည်း ဖားကန့်တွင် ခံစစ်စခန်း ၂ခု ကျသွားပြီဖြစ်၍ ခံစစ်စခန်း ၇ခုသာ ကျန်တော့သည်ဟု လူမှုကွန်ရက်၌ ရေးသားထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။