Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားဖို့ စစ်တပ် အမိန့်ထုတ်

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

အောက်တိုဘာ ၂၁၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

မန္တလေးတိုင်းသာသနာရေးမှူးရုံးရဲ့ ညွှန်ကြားချက်အရ မြို့နယ်သံဃနာယကအဖွဲ့ဆီကို ထပ်မံအကြောင်းကြားခဲ့တာဖြစ်ပြီး ကျောင်းတိုက်တွေအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေ မထားရှိရေးအတွက် မြို့နယ်အလိုက် ကြပ်မတ် ဆောင်ရွက်ပေးကြဖို့ဆိုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ သဘောတူ​ညီမှုနဲ့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးထားပါတယ်။

“စီးကို မစီးတော့တာ။ ဒီတိုငိးရပ်ထားတာ တစ်ဝါတောင်ကုန်ပြီ။ ဆိုငိကယ်နဲ့ပြန်ကြွတယ်”လို့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေပြီး ပြောသင့်တာတွေကိုတော့ မပြောဘဲ မျက်ကွက်ပြုထားကာ အရေးမပါတဲ့ကိစ္စတွေကိုသာ ပြောဆိုနေတယ်လို့ သံဃာအသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

“အဲ့ထက်အရေးကြီးတဲ့ ပေါက်ကတုံးတို့ ဝါသဝတို့လို လက်နက် ရှိတဲ့ကောင်တွေကျ ဘာမှမလုပ်ရဲ စာနဲ့တောင် သတိမပေးရဲ တဲ့မဟနပါ”လို့ သံဃာတော်တစ်ပါးက ဆိုပါတယ်။

ဒါ့အပြင် တိုင်းသာသနာရေးမှူးရုံးကနေ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စီးနင်းမောင်းနှင်ခြင်း မပြုကြဖို့ ထပ်မံတားမြစ်ထားပါတယ်။

စစ်တပ်ဟာ လိုင်စင်မဲ့ယာဉ်တွေကို တင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးနေရာကနေ ယခုအခါ ဘုန်းတော်ကြီးကျောင်းတိုက်တွေအထိပါ သာသနာရေးဌာနအဆင့်ဆင့်ကနေတစ်ဆင့် ဖိအားပေး ညွှန်ကြားလာတာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ​ပြည်သူတွေကို တင်းကျပ်စွာ စောင့်ကြည့်တဲ့ စနစ်ဖြစ်တဲ့ UID ကတ်ကို ဒေသအသီးသီးက ရဟန်းသံဃာတော်တွေကိုပါ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။