Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မဒေါင်းလှစခန်းကို PDF သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏အဓိက စခန်းဖြစ်သော မဒေါင်းလှရွာစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဩဂုတ် ၁၈ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD

သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏အဓိက စခန်းဖြစ်သော မဒေါင်းလှရွာစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဩဂုတ် ၁၈ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီနှင့် ပျူစောထီးများ အခိုင်အမာတပ်စွဲထားသော အဆိုပါစခန်းကို ယနေ့ နံနက် အစောပိုင်းတွင် စတင်တိုက်ခိုက်ပြီး နံနက် ၁၁ နာရီခန့်တွင် သိမ်းယူနိုင်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မဒေါင်းလှစခန်းသည် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေး၌ တည်ရှိပြီး ခင်ဦးမြို့နယ်အတွင်းပါဝင်သည်။

အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ၏ အခိုင်အမာစခန်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။

ခင်ဦးမြို့သည် ရွှေဘိုခရိုင်၌ပါဝင်ပြီး ရွှေဘိုခရိုင်နှင့် ဆက်စပ်နေသော ရေဦးခရိုင်မှ ဒီပဲယင်းမြို့ကိုလည်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊အုန်းပင်စုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးကွန်မန်ဒိုတပ်ရင်း P29914က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၄)ခြေလျင်တပ်ရင်း အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။